ဂုဏ်ယူလိုက်ပါမေမေ
👉 စစ်တပ်ကို လူတိုင်းလိုလိုမုန်းမှန်း ကျနော်တို့သိပါတယ်မေမေ
👉ဝါသနာအရ ရွေးချယ်ခဲ့တဲ့ ကျနော်တို့ရဲ့အလုပ်ကို
ကျနော်တို့မြတ်နိုးတယ်
👉သူတို့တွေဝေဖန်ကြတယ်
"စစ်တပ်ကို စစ်ခွေးတွေတဲ့"
တစ်ချို့သောစုန်းပြူးစစ်တွကြောင့်စစ်တပ် တပ်ဖွဲ့တစ်ခုလုံးကို
အပြစ်ဆိုကြတယ်မေမေ
ဘယ်လိုဘဲ ဝေဖန်နေကြပါစေ `စစ်သား-စစ်သမီး´ ဖြစ်နေတဲ့
မေမေ့သား သမီးး အတွက် ဂုဏ်ယူလိုက်ပါမေမေ
👉ဘာအတွက်ကြောင့် ဂုဏ်ယူရမှာလဲ???
👉ကျနော်တို့လိုစစ်တပ်ဖွဲ့ထဲ ဝင်ဖို့တောင် လူတိုင်းမှာ သတ္တိ မရှိဘူး
မစွန့်လွှတ်ရဲဘူး
👉 ဘာတွေစွန့်လွှတ်နေရလို့လဲ???
👉ကိုယ်ပိုင်လွတ်လပ်ခွင့်
ကိုယ်ပိုင်အချိန်
ရွေးချယ်ပိုင်ခွင့်
အမိန့်အတိုင်းလိုက်နာရတယ်
ရုံးထုတ်ရတယ်
ကင်းစောင့်ရတယ်
လုံခြုံရေးလိုက်ရတယ်
လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ တာဝန်ဟာတာဝန်ဘဲ
✔ ပေါ့လျော့မှူကြောင့်ဖြစ်ဖြစ် ကံကြမ္မာကြောင့်ဘဲဖြစ်ဖြစ်
အကြောင်း အမျိုးမျိုးကြောင့် အချုပ်တရားခံ ထွက်ပြေးလွတ်မြောက် သွားခဲ့ရင် ထောင်ထဲဝင်ရတာ ကျနော်တို့စစ်တပ်ဖွဲ့ဝင်တွေပါ
✔ ထိုနည်း၎င်း တရားခံ ဆေးရုံတက်ရလို့ ဆေးရုံမှာ
လူနာစောင့်တစ်ဖုံ တရားခံစောင့်တစ်ဖုံ စောင့်ပေးရတယ်
✔ လိုအပ်ရင်တောင် တိုက်ပွဲဝင်ဖို့ စစ်တပ်ဖွဲ့ကို အရံအင်အား
တစ်ခုအနေနဲ့ ထားရှိထားတာပါမေမေ
👉သတ်မှတ်ထားတဲ့ စစ်တပ်ဖွဲ့ရဲ့ စည်းစနစ်ဘောင်အတွင်းမှာဘဲ
ကျနော်တို့ နေထိုင်ကြရတယ်
👉စစ်ကျင့်ဝတ်နဲ့အညီနေရတယ်
👉ဘယ်လိုအမှားယွင်း မျိုးဘဲဖြစ်ဖြစ် စစ်စည်းကမ်းထိမ်းသိန်းရေးဥပဒေက အမြဲတမ်း အနောက်မှာရှိနေတယ်
★ မြန်မာနိုင်ငံ တပ်ဖွဲ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းက
မလှခဲ့ပေမဲ့ အခုချိန်မှာ ပြည်သူအကျိုးပြု လုပ်ငန်းတွေအများကြီး လုပ်ဆောင်နေတာ ကို မသိကြဘူး
👉ကျနော်တို့ စစ် တပ်ဖွဲ့ကို
ဝေဖန်ကြတယ် အပြစ်တင်ကြတယ် ရှူံ့ချကြတယ်
👉တစ်ကယ်တမ်းတော့ အဲ့လိုဝေဖန်အပြစ်တင်ရှူံ့ချနေကြတဲ့
သူတွေကိုယ်တိုင် တိုင်းပြည်အတွက် ဘာကိုမှမလုပ်ဆောင်
နိုင်ကြတဲ့ သူတွေပါ မေမေ
👉ကျနော် တို့ရဲ့"တပ်ဖွဲ့ဝင်"ဘဝကို ကိုယ်ချင်းမစာကြဘူး
👉ဘယ်အစိုးရလက်ထက်ဘဲရောက်ရောက် ကျနော်တို့စစ်တပ်ဖွဲ့က
အနှိမ်ခံတွေပါ😰
👉ဘယ်သူတွေ ဘာတွေပြောနေနေ
ကျနော် တို့လို တိုင်းပြည်ရဲ့တစ်စိတ်တစ်နေရာကနေတောင်မှ
တိုင်းပြည်အတွက် မြူမှူံတစ်စိတ်လောက်တောင်
အကျိုးမပြုနိုင်ပါဘဲနဲ့ ဝေဖန်နေတဲ့သူတွေရဲ့ စကားတွေကို
အဖတ်လုပ်ပြီး မေမေ့စိတ်ကို အငြိုငြင်မခံပါနဲ့ မေမေ
👉အစိုးရဝန်ထမ်းချင်းတော့တူတယ်
စတေးရတာချင်းမတူဘူး😔
👉လစာစားချင်းတူတော့တူရင်တူမယ်
စွန့်လွှတ်ရတာချင်းမတူဘူး😢
@ရှည်ဝေးဝေးမစဉ်းစားလိုက်ပါနဲ့
👉တစ်နိုင်ငံလုံးမှာ (၂)မျိုးဘဲရှိတယ်
"တပ်မတော်" နဲ့ "ရဲတပ်ဖွဲ" ပါဘဲ
ထို့ကြောင့်ထို့ကြောင့်
?စစ်တပ်ဖွဲ့ဝင်ဖြစ်နေတဲ့ ဂုဏ်မေမေ့ သားသမီးအတွက်ယူလိုက်ပါ မေမေ __
ဂုဏ်ယူလိုက်ပါမေမေ
#Credit
စာရေးသူအားလေးစားပါသည်...


































တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး







