Wednesday, October 31, 2018
(Unicode Version)
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာ ရရှိ
နေပြည်တော် အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရပ် ချောင်းဝကျေးရွာနေ ဦးဝှေ့တန်းသည် ရွာသားလေးဦးနှင့်အတူ အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် တောလိုက်ရန်အတွက် အဆိုပါကျေးရွာမှ ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား လက်ဖြင့်ထောက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါမိုင်းထိလူနာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။
မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း တက်ရောက်ခဲ့ကြသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ
နေရှိုင်းကိုကို(ဒုတိယနှစ်- ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)
ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အခုမှ ဒီသင်တန်းကို တက်ရောက်ခွင့်ရရှိတာပါ။ တက်ချင်နေတာတော့ ကြာပါပြီ။ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ် စောက်မှာနေပါတယ်။ အဓိက တက်ရောက်ဖြစ်တာကတော့ နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သားတွေကို လေးစားအားကျလို့ပါ။ ဒီသင်တန်းက သင်ကြားပေးတဲ့ သင်ခန်းစာတွေက တစ်ဦးချင်းတစ်ယောက်ချင်းလည်း လုပ်နိုင်တယ်။ အဖွဲ့လိုက်လည်း စုပေါင်း လုပ်ကိုင်လိုတဲ့ အကျင့်တွေ၊ စိတ်ဓာတ်တွေလည်း ရလာမယ်။ အချိန်ကို ဘယ်လိုအကျိုးရှိရှိနဲ့ အသုံးချတတ်လာမယ်။ အတွေ့အကြုံတွေ၊ အပေါင်းအဖော်တွေလည်း တိုးပွားလာမယ်။ အခုဆို ကိုယ့်ကိုယ်ကိုယ်လည်း အများကြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ ဒီသင်တန်းမှာဆို ရာထူးအလိုက်လည်း လစာငွေတွေကို ချီးမြှင့်ပေးပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းဆိုတာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေသာ တက်ရောက်သင်ကြားနိုင်တဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူတွေအတွက် တစ်ချိန်ချိန်မှာ လိုအပ်လာခဲ့လျှင် ကာကွယ်နိုင်အောင် စစ်ပညာတွေ သင်ကြားကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော မိုင်းများပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာနေ မောင်စိုးမိုးသူ(ဘ) ဦးသန်းထွန်းအပါအဝင် အမျိုးသားငါးဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီ ခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ပြောင်းခင်းနေရာ၌ ချုံနွယ်များရှင်းလင်းစဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲ၍ ၎င်းတို့ငါးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
မိုင်းထိလူနာများသည် ရွှေကူပြည်သူ့ ဆေးရုံမှတစ်ဆင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနေ ဦးထွယ်အောင်နှင့်ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်တို့သည် မွန်းတည့် ၁၂ နာရီခန့် တွင် ခြံစိုက်ရန်အတွက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏အနောက်မြောက် ဘက် ၁၃ မိုင်ခန့်အကွာရှိ ဗန်းမော်-မံစီနမ့်ခမ်း ကားလမ်းဘေးသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသောနင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ဦးထွယ်အောင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ရာ နမ့်ခမ်းပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Tuesday, October 30, 2018
အားလံုးက သာမာန္ပါပဲ
သာမာန်နေ့တစ်ရက်ပါပဲ
.
သာမာန် စာခေါက်လေးတစ်ခုပါပဲ
ရုပ်ရှင်တွေထဲကလို သွေးတွေစွန်းမနေဘူး ..
သာမာန်လက်ရေးတစ်ခုပါပဲ
ဝတ္ထူဆန်တဲ့စကားလုံးတွေ မပါဘူး..
သာမာန် အမှာစာလေးတစ်ခုပါပဲ
“ ဒီစာကို နင်ဖတ်ရပြီဆိုတော့ ငါသေပြီပေါ့
ငါပြန်မလာရင် သမီးကိုခေါ်ပြီး အမေ့အိမ်ပြန်တော့
သမီးကြီးလာရင် သူ့အဖေကျောက်တူးရင်း ငှက်မိသေတယ် ပြောလိုက်ပါ”
သာမာန်စာလေးတစ်ခုပါပဲ
အလင်္ကာတွေ ရတုတွေ ကဗျာတွေ မပါဘူး…
သာမာန်ဖတ်မိရုံလေးပါပဲ
ရန်သူ့အလောင်းဆီက သိမ်းဆည်းရမိစာတစ်စောင်လေးတစ်ခုသာရယ်…
သာမာန်နေ့တစ်ရက်ပါပဲ
မီးလောင်ပြင်နဲ့ အသားစိမ်းမီးတိုက်တဲ့ အနံ့တွေ မွန်နေရုံကလွဲလို့…
သာမာန်မေးခွန်းလေးတစ်ခုပါပဲ
“ကျွန်တော့်စာလေး ဘယ်ဆရာကြီးကို ပေးထားမိပါလိမ့်”…
#ကပ္ပတိန်ငှက်ခါး
ကုလသမဂ္ဂရဲ့ ရခိုင်အရေး လိမ်ညာမှုတွေကို အမေရီကန်နိုင်ငံသားက ဖော်ထုတ်နေပါပြီ။
ကုလသမဂ္ဂရဲ့ ရခိုင်အရေး လိမ်ညာမှုတွေကို
အမေရီကန်နိုင်ငံသားက ဖော်ထုတ်နေပါပြီ။
credit-Thet Oo
Image may contain: 1 person, text
Image may contain: 1 person, smiling, glasses and text
Image may contain: 1 person, text
Image may contain: 1 person, glasses and text
Image may contain: 1 person, glasses, flower and text
Image may contain: 1 person, text
Image may contain: 1 person, text
Image may contain: 1 person, glasses and text
Image may contain: 1 person, text
Friday, October 26, 2018
မိတ္ထီလာတွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ထီးသုံးဆင့် ဘုရားအဝင်ပေါက်ရှေ့တွင် အောက်တိုဘာလ ၂၆ ရက်နေ့ မနက် (၉) နာရီ အချိန်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့က တပ်မတော်ထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
“အဓိကရည်ရွယ်ချက်က ကျွန်တော်တို့က စစ်မှုထမ်းဟောင်းအဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်ကို ကျောထောက်နောက်ခံလုပ်ပြီးတော့ ကျွန်တော်တို့က ပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ စစ်မှုထမ်းဟောင်းများရဲ့ စားဝတ်နေရေး လူမှုရေးထောက်ပံ့တဲ့လုပ်ငန်းတွေကို လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ အဲဒီလိုပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့အတွက်ကြောင့် တပ်မတော်ကို ထိခိုက်စေမယ့် နစ်နာစေမယ့် ဂုဏ်သိက္ခာပျက်ပြားစေမယ့် ဖြစ်ရပ်မျိုးတွေ ကြုံလာမယ်ဆိုရင် တပ်မတော်ကို အဓိက အထောက်အပံ့ အထောက်အကူပြုတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ပြချင်တဲ့သဘောပါ”ဟု မိတ္ထီလာ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးကံဝင်း (အငြိမ်းစားဗိုလ်မှုး) က ပြောကြားသည်။
အဆိုပါ ထောက်ခံပွဲကို ထီးသုံးဆင့်ဘုရားတွင် မူလစုရပ်အဖြစ်သတ်မှတ်ပြီး ထိုမှတစ်ဆင့် မိတ္ထီလာနာရီစင်ကို ပတ်ရန် စီစဉ်ထားသော်လည်း အသက်အရွယ်ကြီးသူများ ခြေထောက်မသန်စွမ်းတော့သူများပါဝင်နေ၍ လမ်းလျှောက်မည့်အစီအစဉ်ကို မပြုလုပ်ရန် တိုင်းကြီးကြပ်အဖွဲ့မှ ယမန်နေ့က ညွှန်ကြားချက်ပေး၍ ရပ်လျက်သာ ထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ လူအင်အား နှစ်ရာခန့်သည် “တပ်မတော်ကို အပြည့်အဝထောက်ခံသည်။ တပ်မတော်အင်အားကို ချိုးနှိမ်မှုမှန်သမျှ လုံးဝလက်မခံ။မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော (facebook) ကို လုံးဝ ဆန့်ကျင်ရှုံ့ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ။ ပြည်သူကိုချစ်သော ပြည်သူကချစ်သောတပ်မတော် အောင်မြင်ပါစေ။ တပ်မတော်စွမ်းမှတိုင်းပြည်အေးချမ်းမည်။ APHR ၏ အောက်လုံးအစီရင်ခံစာအလိုမရှိ လုံးဝအလိုမရှိ” ဟူသော စာသားများပါရှိသည့် ဗီနိုင်းဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ တပ်မတော်ထောက်ခံပွဲကို နာရီဝက်အကြာခန့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Thursday, October 25, 2018
မသက်​ထား​ဆွေဇင်
တတိယနှစ်
UTC 1 တပ်​ဖွဲ့ဝင်​။
Camera by Bahtoo
တပ်မတော်သားတွေကို လေးစားတယ်........
မသက်ထားဆွေဇင်
တတိယနှစ်
ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ၊ စီပွားရေးတက္ကသိုလ် ။
UTC 1 တပ်ဖွဲ့ဝင်။
Camera by Bahtoo
credit-
လေ့ကျင့်လှုပ်ရှား UTC ကျောင်းသား..........
( UTC 1 မှ ကျောင်းသား၊ကျောင်းသူများ )
credit-
Image may contain: 1 person, outdoor and nature
Image may contain: one or more people, grass and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people and outdoor
Image may contain: 2 people, outdoor and nature
Image may contain: one or more people, grass, outdoor and nature
Image may contain: 2 people, people smiling, outdoor
Image may contain: one or more people, grass, outdoor and nature
Image may contain: tree, grass, plant, outdoor and nature
အမိမြန်မာမြေကို စောင့်ရှောက်နေမဲ့ အစိမ်းရောင်များ ......
အမိမြန်မာမြေကို စောင့်ရှောက်နေမဲ့ အစိမ်းရောင်များ ......
No automatic alt text available.
No automatic alt text available.
Saturday, October 20, 2018
တပ်မတော်ထောက်ခံပွဲ
တပ်မတော်ထောက်ခံပွဲ
Image may contain: 3 people, people standing and outdoor
တပ်မတော်ထောက်ခံပွဲ
လက်ပံတန်းမြို့နယ် (၂၁.၁၀.၂၀၁၈)
Image may contain: 1 person, standing, crowd and outdoor
Image may contain: 2 people, hat, crowd and outdoor
Image may contain: 4 people, people standing, crowd and outdoor
Image may contain: 5 people, people standing, people walking, crowd and outdoor
Image may contain: 9 people, people standing and outdoor
Image may contain: 10 people, people standing and outdoor
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ ၊ ကျေးဇူးတော်ရှင် မြိုင်ကြီးငူ ဆရာတော် ၏ အန္တိမအဂ္ဂိဈာပန ကျင်းပနိုင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၀
Monday, October 15, 2018
Breaking News-
Image may contain: one or more people, grass, outdoor and nature
ရန်ကုန်၊ အောက်တိုဘာ ၁၆
Image may contain: outdoor
Image may contain: outdoor
Image may contain: outdoor
Image may contain: outdoor
Image may contain: outdoor
Breaking News- 
မင်းဘူးတွင် တပ်မတော် တိုက်လေယာဉ် ၂ စီး ပျက်ကျ၊ လေယဉ်မှူး ၂ ဦး သေဆုံးပြီး အပျက်အစီးများထိမိ၍ ၅ တန်းကျောင်းသူတစ်ဦးပါ သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တပ်မတော်တိုက်လယာဉ် ၂ စီးကျ ပျက်ကျကြောင်း မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၁ ဦးကျော်စွမ်းရည်နှင့် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တိုက်လေယာဉ်တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တိုက်လေယာဉ် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီးပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးကြောင်း အမတ် ၂ ဦးက အတည်ပြုသည်။
"ပျက်ကျတာက စစ်လေယာဉ် ၂ စီး၊ ကျနော်တို့ အခုအားလုံး ချိတ်ဆက်ပြီးသွားနေတယ်။ အခုက အရေးကြီးနေလို့။ အသေအပျောက်လည်း ရှိတယ်" ဟု တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ပြောသည်။
သနပ်ပင်စုကျေးရွာ ဘက်တွင် ပျက်ကျသော တိုက်လေယာဉ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး လေယာဉ်မှူး၏ အလောင်းကိုလည်း လေထီးနှင့်အတူ တွေ့ရကြောင်း၊ ကျဉ်ဆန်နှင့် လက်နက်များတွေ့ရှိရကြောင်း၊ ရာသီဥတုကောင်းမွန်ချိန် တိုက်လေယာဉ် နှစ်စီး ပျက်ကျခြင်းဖြစ်၍ နားလည်ရခက်ကြောင်းမင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
"တိုက်လေယာဉ် နှစ်စီးပါ။ တစ်စီးက မင်းဘူး ဆားဗွက်ချောင်းနားမှာ။ ကျနော်တော့ အဲဒီဘက်ကို မရောက်ဘူး။လွှတ်တော်အမတ် ဦးကျော်စွမ်းရည်သွားတယ်။ တစ်စီးက သနပ်ပင်စုရွာရဲ့ အနောက်ဘက် ငရုတ်ခင်းတွေတောထဲမှာ။ ကျနော်က သနပ်စုရွာဘက်မှာ။ သနပ်ပင်စုရွာဘက်မှာ ပျက်ကျတဲ့ ငရုတ်ခင်းတောထဲမှာ အလောင်းတစ်လောင်း တွေ့တယ်။ အဓိက တိုက်လေယာဉ်တွေ။ ကျဉ်ဆန်တွေလည်း တွေ့တယ်။ လက်နက်တွေလည်းတွေ့တယ်။ ရာသီဥတုက ကောင်းတယ်။ သူတို့ချင်း ဘယ်လိုဖြစ်တာလဲမသိဘူး။ စက်ချို့ယွင်းတာလား။ မောင်းတဲ့သူတွေရဲ့ အားနည်းချက်လား သူတို့မှ သိတာကိုး။ ရာသီဥတုက ဒီဘက်မှာ ကောင်းတယ်။ အဲဒီသနပ်ပင်စုကွင်းပြင်မှာ ပျက်ကျတဲ့နေရာမှာ ကျနော်ရှိနေတယ်။ လေထီးပွင့်တယ်။ဒါပေမယ့် အလောင်းက အဲဒီနားမှာရှိနေတာ။ အလောင်းကိုလည်း သေချာမကိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလာကာမှပဲ ကိုင်မယ်။ လေတပ်ကိုလည်း အကြောင်းကြားထားပြီးသား။ သွားပြီးတော့ မကိုင်ပါနဲ့တဲ့။ အကုန်လုံး အစိတ်စိတ်အမွှာမွှာ။ တခြားစီ။ ဖြစ်သွားတာ။ ၁ မိုင်ကျော်ကျော်လောက် ပစ္စည်းတွေက ပျံ့သွားတဲ့ပုံစံတွေ့ရတယ်။ အဲဒီဘက်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ဆားဗွက်ချောင်းဘက်မှာ။ ဝန်ကြီးချုပ်လည်း ပျက်ကျတဲ့နေရာ နှစ်ခုလုံးကို ကွင်းဆင်းလာနေပြီ" ဟု ဦးဝင်းဝင်းက ပြောသည်။
နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဆားဗွက်ချောင်းအနီး ပျက်ကျသော တိုက်လေယာဉ်သည် တာဝါတိုင်နှင့်တိုက်မိပြီး ယင်းအပျက်အစီးများ လွင့်စင်၍ ထိမိသော ၅ တန်းကျောင်းသူ ကလေး တစ်ဦးပါ သေဆုံးသွားကြောင်း သိရရှိသည်။