KNU စီးပွားေ၇းတာဝန်ခံ တစ်ဦးမှ စားသောက်ဆိုင်အတွင်း လူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်
သမိန်ဗြတ်စ
သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ၀ါးတောလမ်းရှိ စားသောက်ဆိုင်အတွင်း အရက်သေစာ စားသောက်ရာမှ စကားများပြီးသေနတ်ပစ်ခတ်မှု ဖြစ်စဉ်တစ်ရပ် သြဂုတ်လ ၃၀ ရက် ည (၉) နာရီ ၁၅ တွင် ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှသိရှိရသည်။
ဖြစ်စဉ်မှာ အောင်မျိုးသူပါ (၅) ဦးသည် စားသောက်ဆိုင်မှ စားသောက်ပြီးဆိုင်မှာပြန်ရန်ထွက်ခွာစဉ် တပ်ဖွဲ့စိစစ်ဆဲမှဗိုလ်မှူးအဆင့်ရှိသူ တရုတ်(ခ)အောင်သူရိန် ဆိုသူမှ ရောက်ရှိလာပြီး မင်းတို့ဝိုင်းကဆူညံလွန်းတယ်ဟု ပြောသဖြင့် အောင်မျိုးသူ မှ အကိုနဲ့ဘာဆိုင်လို့လဲ ဟုပြန်ပြောခဲ့ရာ တရုတ်(ခ)အောင်သူရိန်မှ မင်းက လူမိုက်လားဟုပြောပြီးနောက် ၄င်းတွင် အသင့်ပါလာသောသေနတ်ဖြင့် (အမျိုးအစား စိစစ်ဆဲ) မိုးပေါ်တစ်ချက်ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား သေနတ်ဖြင့် ပစ်ခဲ့ရာလည်ပင်းအလယ် ကျည်ဖေါက်ဝင်ဒဏ်ရာ (၁) ချက်ထိမှန်ခဲ့ပြီး တရုတ်(ခ) အောင်သူရိန်မှာ ၄င်းစီးနင်းလာသည့် Toyota Mark II အဖြူရောင်(လိုင်စင်စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွားခဲ့ပြီး ဒါဏ်ရာရရှိသူ အောင်မျိုးသူအား သထုံခရိုင်ဆေးရုံကြီးသို့ (အတွင်းလူနာ - စိုးရိမ်ရ)ဖြင့်တက်ရောက်ကုသလျှက်ရှိသည်။ 
ဖြစ်စဉ်ဖြစ်ခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး၊မြို့မစခန်းမှူးနှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့သွားရောက်စစ်ဆေးခဲ့ပြီး သထုံမြို့ မင်းလမ်းရပ်၊ သိမ်ကုန်းရပ်ကွက်ရှိ တရုတ် (ခေါ်) အောင်သူရိန်၏ နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ ၄င်း ပစ်ခတ်ခဲ့သည့် ကျည်ခွံ PAC – 380 Auto ကျည်ခွံ (၂)ခုနှင့် စီးနင်းမောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဉ်အဖြူရောင်ယာဉ်နှင့်သော့အား သိမ်းဆည်းရာခဲ့ပြီး တရားခံမှထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် သထုံမြို့မရဲစခန်းက တရားခံ ဖမ်းဆီးရမိရေးနှင့် (ပ)၇၄၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ (၃၀၇)ဖြင့် အမှုဖြင့် အရေးယူထားကြောင်းသိရသည်။
0 comments:
Post a Comment