မိုးကုတ် သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် သြဂုတ်လ(၂၆)ရက် နံနက်ပိုင်းက ခရစ်ယာန်ဘာသာကိုးကွယ်သူများနှင့် နတ်ကိုးကွယ်သူ(၇၂)ဦးအနေဖြင့် ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်၍ ကူးပြောင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ကူးပြောင်းနိုင်ရန် မိုးကုတ်မြို့ ဧညောင်သုံးပင်ပရိယတ္တိသာမဏေကျော်စာသင်တိုက်ပဓာနနာယက (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဒေါက်တာအရှင်တေဇောသာရာဘိဝံသ(Ph.D)တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး၏ဦးဆောင်လမ်းညွှန်မှုကိုခံယူပြီး မိုးကြုတ်မြို့နယ်၊ လက်ထောက်သာသနာပြုဥက္ကဋ္ဌ)ဦးသန်းနိုင်စံတော်ဝင်(သုဓမ္မမဏိဇောတဓရ)၊ အတွင်းရေးမှူးဦးစုဗူး(သဒ္ဓမ္မဇောတိကဓဇ)နှင့် လက်ထောက်သာသနာပြုအဖွဲ့တို့၏ ကြိုးစားမှုကြောင့် မိုးကုတ်မြို့နယ်အတွင်းရှိ ကရင်၊ လီဆူ၊ ကရင်လီဆူ၊ ဓနုနှင့် ကိုးကန့်တိုင်းသားများအနက် ခရစ်ယာန်ကိုးကွယ်သူ နှင့် နတ်ကိုးကွယ်သူ(၇၂)ဦးမှာ ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာသည့်အတွက် ယခုလိုကူးပြောင်းလာခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာသို့သက်ဝင်ယုံကြည်လာကြသော ဗုဒ္ဓဘာသာသာသနာ အဆုံးအမခံယူပွဲနှင့် ကူးပြောင်းပွဲကို မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိသာမကျော်စာသင်တိုက်ရှိ ဗိုလ်ဗထူးသာမဏေကျော်ကျောင်းဆောင်(၁)တွင်ကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာသို့ကူးပြောင်းလာသူများမှာ
မိုးကုတ်မြို့နယ်ရှိ ထင်းရူးတောင်ရွာ၊ကျောက်ဆင်ရွာ၊ ချောင်းကြီးလီဆူကုန်းစံရွာ၊ အောင်နီလာ (၂)ရပ်ကွက်၊ကျောက်ဝါရွာနှင့် အောင်မြေလာရပ်ကွက်)တို့မှဖြစ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သူ အိမ်ထောင်စု(၁၅)စု၊လူဦးရေ(၆၀)နှင့် နတ်ကိုးကွယ်သူ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၂)ဦးတို့ဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ ကိုထွန်းနေလင်း caidet
Thursday, August 30, 2018
မိုးကုတ်မြို့တွင် ခရစ်ယာန်ကိုးကွယ်သူနှင့် နတ်ကိုးကွယ်သူ (၇၂)တို့က ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့
August 30, 2018
No comments
0 comments:
Post a Comment