Tuesday, August 28, 2018

လေးစားပါတယ် ညီလေးရေ

Image may contain: 1 person, sitting, table and indoor


မေး- နာမည်ပြော ညီလေး
ဖြေ- မောင်မောင်ပါ 

မေး- အသက်ကရော 
ဖြေ- ၂၀ ပါ 

မေး-ပညာအရည်အချင်းက 
ဖြေ-၆ တန်းပါ ခင်ဗျ

မေး-ဘယ်နယ်ကလဲ
ဖြေ-ချင်းပြည်နယ်ကပါ

မေး-ဒါနဲ့ အရင်ဆုံးမေးချင်တာက ညီလေး စစ်တပ်ထဲဝင်တာကို မိဘက သဘောတူရဲ့လား
ဖြေ-ဟုတ်ကဲ့ တူပါတယ် ခင်ဗျ

ဖြေ-ဒါဆို အဓိကအချက်မေးမယ် ညီလေး ဘာလို့ စစ်တပ်ထဲဝင်ချင်ရတာလဲ 
ဖြေ-ကျွန်တော် အမျိုး ဘာသာကိုချစ်တယ်၊ ကာကွယ်ချင်လို့ပါ

ရေးနေတဲ့ ဘောပင်ကိုချ ငိုက်ထားတဲ့ခေါင်းကိုမော့ကြည့်မိတယ် ...
စိတ်ဓါတ်ကိုတော့ လေးစားသွားမိတယ်။
တော်တော်များများဖြေတဲ့ အဖြေထဲမှာ ချင်းပြည်နယ်က မောင်မောင်ရဲ့ အဖြေဟာ ထိုင်နေတဲ့ အရာရှိ/စစ်သည်အားလုံး ကျက်သီးမွှေးညှင်းထစေတယ်ဗျာ ...

တပ်မတော်ထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတယ်။
ဒါပေမဲ့ တပ်မတော်သားဖြစ်သွားရင်တော့ ရည်ရွယ်ချက်၊ ရည်မှန်းချက်က တစ်သွေးတစ်သံတစ်မိန့်ပါပဲ .....

ဒီညီလေးကတော့ မဖြစ်ခင်ကတည်းက စိတ်အားထက်သန်သူပါ ....
လေးစားပါတယ် ညီလေးရေ ....
မင်း ကာကွယ်ချင်တဲ့ မင်းအမျိုးဘာသာကို စောင့်ရှောက်နိုင်ပါစေ ....

0 comments:

Post a Comment