Thursday, August 30, 2018

ဆွာ​ချောင်းတံတားတွင်​ မဘသ မနက်​စာ ကူညီမှု

30.8.2018

ဆွာတမံ ​ရေလျှံမှု​ကြောင့်​ ဖြစ်​​ပေါ်လျှက်​ရှိ​သော ​ရေ​ဘေးသင့်​ပြည်​သူများအတွက်​ ဗုဒ္ဓဓမ္မပရဟိတ​ဖောင်​​ဒေးရှင်း ဗဟိုက ​ဒေသခံ မဘသများအား လမ်းညွှန်​ပူး​ပေါင်းကာ ကယ်​ဆယ်​​ရေး ကူညီ​စောင့်​​ရှောက်​​ရေး လုပ်​ငန်းများ လုပ်​​ဆောင်​လျှက်​ရှိပါသည်​။

အ​ရေး​ပေါ်လိုအပ်​ချက်​သည်
စားနပ်​ရိက္ခာ ဖြစ်​သည့်​အတွက်​ ထမင်းထုပ်​များ ​ဝေငှနိုင်​ရန်​အတွက်​ ဌာနအသီးသီးတွင်​ ခွဲ​ဝေချက်​ပြုတ်​လျှက်​ ရှိပါသည်​။

ယ​နေ့မနက်​ပိုင်းတွင်
ဆွာ​ချောင်းတံတား အ​ရေး​ပေါ် ပြင်​ဆင်​မှုများပြုလုပ်​ရာတွင်​ ညလုံး​​ပေါက်​ အလုပ်​လုပ်​​နေကြ​သော တပ်​မ​တော်​သားများ လမ်းလုပ်​သားများ ယဉ်​ထိမ်းရဲများအား မနက်​စာအဖြစ်​ ထမင်း​ကြော်​ထုပ်​ အ​အေးများကို မိမိတို့ ​ဖောင်​​ဒေရှင်းအဖွဲ့သားများက ကိုယ်​တိုင်​သွား​ရောက်​ကူညီ ခဲ့ကြပါသည်​။

ကူညီသူများလည်း ကျန်းမာ ချမ်းသာကြပါ​စေ။

အဆင်​​ပြေကြပါ​စေ...
ဒေါက်​တာ​သောပါက


0 comments:

Post a Comment