Friday, August 31, 2018

ရင်နှင့် အမျှ ပါ :(


! ခွင့်လွှတ်ပါအမေ
လူရယ်လို့ဖြစ်လာဖို့
အမေမွေးခဲ့တာမှန်ပေမယ့်
ဒုတိယရင်ခွင်မှာခိုလှုံရင်း
အမေ့အပါးဝပ်တွားဖို့အချိန်မပေးနိုင်ခဲ့ဘူး အမေ ...။

! ခွင့်လွှတ်ပါအမေ
အမေခွံ့ခဲ့တဲ့ထမင်းလုတ်တွေအတွက်
ကျေးဇူးတွေပြန်လည်မဆပ်နိုင်ခဲ့ပေမယ့်
နိုင်ငံတော်ကကျွေးတဲ့ထမင်းလုတ်အတွက်
သစ္စာစောင့်သိစွာပြန်လည်ပေးဆပ်နေလို့ပါ အမေ ...။

! ခွင့်လွှတ်ပါအမေ
အမေပေးတဲ့လက်အစုံနဲ့
အမေနာမကျန်းချိန်မှာမပြုစုပေးနိုင်ခဲ့ပေမယ့်
ပြည်သူတွေရဲ့ဘေးဒုက္ခအန္တရာယ်တွေအတွက်
သားလက်အစုံနဲ့ အကူအညီပေးနေလို့ပါအမေ ...။

! ခွင့်လွှတ်ပါအမေ
ငါးပါးသီလအကြောင်းအမေသင်ပေးခဲ့ပေမယ့်
အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက်
ရောင်စုံသူပုန်တွေကိုတွန်းလှန်တိုက်ထုတ်ဖို့
ပါဏာတိပါတာကံကို ကျူးလွန်မိခဲ့တယ် အမေ ...။

! ခွင့်လွှတ်ပါအမေ
အမေ့သွေးနဲ့သားကိုအသက်သွင်းခဲ့ပေမယ့်
အမေ့ရဲ့နောက်ဆုံးထွက်သက်အချိန်လေးမှာ
သားမျက်နှာကိုအမေမြင်ခွင့်ရမသွားခဲ့ရှာဘူး
အဝေးကနေပဲရှိခိုးကန်တော့ပါရစေအမေရယ်
အမေ့သားဟာကိုယ့်ဘဝကိုယ်မပိုင်တဲ့
မင်းခယောက်ျား စစ်သားတစ်ယောက်မို့ပါ အမေ ...။

စတေးခံများ၏ကိုယ်စား ခံစားလျက်
စာရေးသူ A Lin Yaung

Image may contain: one or more people, people standing and outdoor

0 comments:

Post a Comment