ဒီလောက် သင်္ဘောကြီး သောင်လာတင်တာ ရေတပ်က မသိဘူး ဆိုပြီး ပြစ်တင်သလိုလို လှောင်သလိုလို ရိသလိုလိုရေးတဲ့သူကို ပြုံးကြည့်နေပါတယ်။ (စိတ်ထဲက သောက်တုံးလို့တော့ သတ်မှတ်လိုက်တယ်
😂)
ကုန်တင်သင်္ဘောတစ်စီးဟာ နိုင်ငံတကာရေပြင်ဖြစ်ဖြစ် ပိုင်နက်ပင်လယ်မှာ ဖြစ်ဖြစ် အပြစ်ကင်းတဲ့ဖြတ်သန်းမောင်း နှင်ခွင့်ရှိတယ်။ Innocence passage လို့ ခေါ်တယ်။
သက်ဆိုင်ရာပိုင်နက်ပင်လယ်ထဲ ကို ဖြတ်ပြီဆိုတာနဲ့ Coast Guard (သို့မဟုတ်) ရေတပ်ကို Channel 16(Calling channel ) ကနေ လှမ်းခေါ်ပြီး Channel 12 မှာ သတင်းပို့ရတယ်။ သင်္ဘောအမည် IMO နံပါတ် သင်္ဘော Captain နာမည် ဘယ်ဆိပ်ကမ်းက ဘယ်နေ့က ထွက်လာတယ် ဘယ်ဆိပ်ကမ်းကို သွားမယ်(ETA ပါပို့ရတယ်)ဆိုတာရယ် တင်လာတဲ့ကုန်တန်ချိန်၊ ကုန်အမျိုးအစား သင်္ဘောအလျား LOA၊ သင်္ဘောတစ်စီးလုံးတန်ချိန် GRTနဲ့ DWTသင်္ဘောရေစူး၊ သင်္ဘောသားအရေအတွက်၊ နိုင်ငံသားအမျိုးအစား စတဲ့ အချက်တွေကို OOW (Officer of the watch) က သတင်းပို့ရတယ်။ ပိုင်နက်ပင်လယ်က ထွက်ရင်လည်း တစ်ခါထပ်ပို့ရတယ်။ Channel 16 ရဲ့ range က အဝေးကြီးမရတဲ့အတွက် ဆက်သွယ်မှုကန့်သတ်ချက်တော့ရှိတယ်။
အခုသင်္ဘောက အင်ဒိုကသင်္ဘော သောင်လာတင်နေတဲ့ အနေအထား ၊ ကုန်က Chemical Cargoes (အန္တရာယ်ရှိနိုင်)၊သင်္ဘောသား တစ်ယောက်မှ မတွေ့ရဘူး(အလွန်ထူးခြားတဲ့ အခြေအနေ) ၊ အွန်လိုင်းသတင်းအရ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့အနေအထား Emergency အခြေအနေမှာ မဖြစ်မနေ လုပ်ရမယ့် Distress Signal ကို မပို့ထားဘူး။ RT နဲ့ ပို့ပို့ ၊ WT နဲ့ပို့ပို့ တပ်မတော်(ရေ) က ဖမ်းလို့မမိဘူးဆိုတာ မရှိဘူး။ ၂၄ နာရီအဆင်သင့်ရှိနေတယ်။
သင်္ဘောတိုင်းမှာ GMDSS ရှိသလို ရေတပ်မှာလည်း ဖမ်းနိုင်စွမ်းအားကောင်းတဲ့ စက်တွေရှိနေတာ ကြာပေါ့၊ အဲဒါလည်း မပို့ခဲ့ဘူး။ ဆက်သွယ်ရေးစက်ကြီးမှာ 2182KHz Automatic Transmitter ခလုပ်ရှိတယ်။ နှိပ်လိုက်တာနဲ့ အလိုအလျောက်လွှင့်ထုတ်ပေးနေမ ယ်။ ဒါကိုလည်း ဘယ်သူမှ မလုပ်ခဲ့ဘူး။ လုပ်ရင် ရေတပ်က သိလိမ့်မယ်။
Automatic Identifying System(AIS) ကနေ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး သင်္ဘောရဲ့ အချက်အလက်တွေကို ထုတ်လွှင့်ပေးနေသလို ဆိပ်ကမ်းက ဖမ်းမိတဲ့ စက်တွေရှိနေမှ သိရတာမျိုး။ အဲဒီစနစ်က ဈေးအရမ်းကြီးတယ်။ ကိုရင်တို့နိုင်ငံလိုမျိုးက ဝယ်နိုင်ဖို့ အကန့်အသတ်ရှိနေတယ်။ (လက်ရှိ ရှိ/မရှိ မသိပါ) ၊ ဒါလည်း သင်္ဘောက AIS ကို ပိတ်ထားရင် ဘာမှလုပ်မရဘူး။
နောက်တစ်ချက်က သင်္ဘောတစ်စီး(ကုန်တင်သင်္ဘော) ဝင်လာတာနဲ့ သိနေရအောင် ပင်လယ်ပြင် အနေအထား၊ ရာသီဥတု၊ စစ်ဆင်ရေး ဧရိယာမှာ ရှိနေမယ့် စစ်သင်္ဘော အရေအတွက်ပေါ်လည်း မူတည်တယ်။ သာမန်အေးချမ်းတဲ့ ဧရိယာထဲမှာ မလိုအပ်ပဲ အင်အားကို စုပြုံ ချထားတာမျိုး မလုပ်နိုင်ဘူး။ မဖွံ့ဖြိုးသေးတဲ့ ကိုရင်တို့လို နိုင်ငံမျိုးမှာ ပိုပြီးခက်ခဲတယ်။
ပင်လယ်ဝ Anchorage Area မှာ ကျောက်ချပြီး ဆိပ်ကမ်းဝင်ဖို့ ပိုင်းလော့စောင့်နေတဲ့ သင်္ဘောတွေ အများကြီး။ ရာသီဥတုက အနောက်တောင်ကနေ အရှေ့မြောက်ကို ဦးတည်တိုက်နေတာဖြစ်လို့ သင်္ဘော ကျောက်မျောပြီး ရွှေ့မျောသွားမယ်ဆို အခုသောင်တင်နေတဲ့ နေရာကို ရောက်သွားလိမ့်မယ်။ ကျောက်မျောတယ်ဆိုတာနဲ့ အင်ဂျင်ကိုနိုးမှာပဲ အင်ဂျင်failure ဖြစ်တာနဲ့ ကြောက်လန့်ပြီး ရေယာဉ်စွန့်ခွာသွားတာလား။ (Crews တစ်ယောက်မှမတွေ့တာဟာထူးဆန်း နေတယ်)
ပင်လယ်ပြင်ကြီးဟာ စိတ်ကူးအတွေးထက် မာယာပိုများတယ်ဆိုတာ ရေထဲက လူတွေပဲ သိနားလည်ပါတယ်။ စာတိုပေစဖတ်ဖူးရုံ သူများပြောတာကြားဖူးရုံလောက်အဆင့်နဲ့ အလုံးကြီးတွေ လွှတ်ပြီး မဝေဖန်နဲ့ ဗျ။ သိသူတွေက သောက်ပေါလို့ သတ်မှတ်လိမ့်မယ်။
ကိုရင်ရေးတဲ့ စာလောက်လေးကိုတောင်
အရင်နားလည်အောင်ဖတ် .... ဟုတ်ပြီလား
😂
😂
ငပေါတွေကို ရှင်းရှင်းပြနေရတာ အချိန်ကုန်တယ်....
ကိုရင်လူထွက် ငပိချက်
စာကြွင်း- သင်္ဘောရဲ့ black box အလုပ်မလုပ်အောင် ဖျက်ဆီးထားရင်တော့
ရွှေ့လျားလမ်းကြောင်း အစအဆုံးကို သိဖို့ ခက်မယ်။ IMO no. နဲ့ ဘယ်ဆိပ်ကမ်းကထွက်လာသလဲ ပြန်စုံစမ်းရင် ရမယ်။ GPS ကိုစစ်ဆေးပြီး နောက်ကြောင်း ပြန်လိုက်လို့ရမယ်။ မကြာမှီ အဖြေသိရမှာပါ။
ရေတပ်ကမသိဘူးလား ဆိုတဲ့ အမေးကို ပြန်ရှင်းပြရုံပါ။ တကယ့်အဖြစ်မှန်ကို သတင်းစောင့်ကြတာပေါ့။
From ... Chit
ကုန်တင်သင်္ဘောတစ်စီးဟာ နိုင်ငံတကာရေပြင်ဖြစ်ဖြစ် ပိုင်နက်ပင်လယ်မှာ ဖြစ်ဖြစ် အပြစ်ကင်းတဲ့ဖြတ်သန်းမောင်း
သက်ဆိုင်ရာပိုင်နက်ပင်လယ်ထဲ
အခုသင်္ဘောက အင်ဒိုကသင်္ဘော သောင်လာတင်နေတဲ့ အနေအထား ၊ ကုန်က Chemical Cargoes (အန္တရာယ်ရှိနိုင်)၊သင်္ဘောသား
သင်္ဘောတိုင်းမှာ GMDSS ရှိသလို ရေတပ်မှာလည်း ဖမ်းနိုင်စွမ်းအားကောင်းတဲ့
Automatic Identifying System(AIS) ကနေ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး သင်္ဘောရဲ့ အချက်အလက်တွေကို ထုတ်လွှင့်ပေးနေသလို ဆိပ်ကမ်းက ဖမ်းမိတဲ့ စက်တွေရှိနေမှ သိရတာမျိုး။ အဲဒီစနစ်က ဈေးအရမ်းကြီးတယ်။ ကိုရင်တို့နိုင်ငံလိုမျိုးက
နောက်တစ်ချက်က သင်္ဘောတစ်စီး(ကုန်တင်သင်္ဘော) ဝင်လာတာနဲ့ သိနေရအောင် ပင်လယ်ပြင် အနေအထား၊ ရာသီဥတု၊ စစ်ဆင်ရေး ဧရိယာမှာ ရှိနေမယ့် စစ်သင်္ဘော အရေအတွက်ပေါ်လည်း မူတည်တယ်။ သာမန်အေးချမ်းတဲ့ ဧရိယာထဲမှာ မလိုအပ်ပဲ အင်အားကို စုပြုံ ချထားတာမျိုး မလုပ်နိုင်ဘူး။ မဖွံ့ဖြိုးသေးတဲ့ ကိုရင်တို့လို နိုင်ငံမျိုးမှာ ပိုပြီးခက်ခဲတယ်။
ပင်လယ်ဝ Anchorage Area မှာ ကျောက်ချပြီး ဆိပ်ကမ်းဝင်ဖို့ ပိုင်းလော့စောင့်နေတဲ့ သင်္ဘောတွေ အများကြီး။ ရာသီဥတုက အနောက်တောင်ကနေ အရှေ့မြောက်ကို ဦးတည်တိုက်နေတာဖြစ်လို့ သင်္ဘော ကျောက်မျောပြီး ရွှေ့မျောသွားမယ်ဆို အခုသောင်တင်နေတဲ့ နေရာကို ရောက်သွားလိမ့်မယ်။ ကျောက်မျောတယ်ဆိုတာနဲ့ အင်ဂျင်ကိုနိုးမှာပဲ အင်ဂျင်failure ဖြစ်တာနဲ့ ကြောက်လန့်ပြီး ရေယာဉ်စွန့်ခွာသွားတာလား။ (Crews တစ်ယောက်မှမတွေ့တာဟာထူးဆန်း
ပင်လယ်ပြင်ကြီးဟာ စိတ်ကူးအတွေးထက် မာယာပိုများတယ်ဆိုတာ ရေထဲက လူတွေပဲ သိနားလည်ပါတယ်။ စာတိုပေစဖတ်ဖူးရုံ သူများပြောတာကြားဖူးရုံလောက
ကိုရင်ရေးတဲ့ စာလောက်လေးကိုတောင်
အရင်နားလည်အောင်ဖတ် .... ဟုတ်ပြီလား
ငပေါတွေကို ရှင်းရှင်းပြနေရတာ အချိန်ကုန်တယ်....
ကိုရင်လူထွက် ငပိချက်
စာကြွင်း- သင်္ဘောရဲ့ black box အလုပ်မလုပ်အောင် ဖျက်ဆီးထားရင်တော့
ရွှေ့လျားလမ်းကြောင်း အစအဆုံးကို သိဖို့ ခက်မယ်။ IMO no. နဲ့ ဘယ်ဆိပ်ကမ်းကထွက်လာသလဲ ပြန်စုံစမ်းရင် ရမယ်။ GPS ကိုစစ်ဆေးပြီး နောက်ကြောင်း ပြန်လိုက်လို့ရမယ်။ မကြာမှီ အဖြေသိရမှာပါ။
ရေတပ်ကမသိဘူးလား ဆိုတဲ့ အမေးကို ပြန်ရှင်းပြရုံပါ။ တကယ့်အဖြစ်မှန်ကို သတင်းစောင့်ကြတာပေါ့။
From ... Chit

0 comments:
Post a Comment