Friday, August 31, 2018

ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲတံခါးကျိုးပေါက်၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် မီးရထားလမ်းနှင့် တံတားများအား ပြန်လည်ပြုပြင်၊ ခရီးသွားပြည်သူများအား တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်

နေပြည်တော်၊ သြဂုတ် - ၃၁ 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲတံခါးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆၀ ခန့်ကျိုးပေါက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာ ၈၅ ရွာမှ ဒေသခံပြည်သူများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။


ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေတာရှည်မြို့ဘူတာနှင့် ဆွာမြို့ဘူတာအကြားရှိ ရန်ကုန်-မန္တလေး အဆန်မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ်၊ ၁၈၉/၁၀ မှ ၁၉၀ /၁ အထိ အရှည်ပေ ၃၃၀၀ နှင့် ကြေးနန်းမိုင်တိုင်အမှတ်၊ ၁၉၀/၁၇ မှ ၁၉၁/၃ အထိ အရှည်ပေ ၂၂၀၀ ခန့်၊ မန္တလေး-ရန်ကုန် အစုန်မီးရထားလမ်း ကြေးနန်း မိုင်တိုင် အမှတ်၊ ၁၅၅၀ မှ ၁၅၆/၀ အထိ အရှည်ပေ ၅၂၈၀ ခန့် ပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။ 
ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော ရထားလမ်းပိုင်းအား တပ်မတော် သားများနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများပူးပေါင်း၍ ကျောက်ဖို့ခြင်း၊ ပျက်စီးသွားသည့် ဇလီဖားတုံးများအား အစားထိုးပြုပြင်ခြင်းများ ဆောင်ရွက်နေသည့်အတွက် ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁၁)အဆန် ရထားဖြင့် လိုက်ပါလာသည့် ခရီးသည် ၉၁ ဦးနှင့်ဝန်ထမ်း ၁၄ ဦးတို့ကို ရေတာရှည် ဘူတာမှ ဆွာဘူတာသို့လည်းကောင်း၊ မန္တလေးမှရန်ကုန်သို့ထွက်ခွာလာသော အမှတ်(၁၂) အစုန်ရထားဖြင့် လိုက်ပါလာသည့် သံဃာတော် ၄ ပါး၊ ခရီးသည် ၁၉၀ ဦး နှင့် ၀န်ထမ်း ၁၆ ဦးတို့ကို ဆွာဘူတာမှ ရေတာရှည်ဘူတာသို့လည်းကောင်း တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၀ စီးတို့ ဖြင့် အသွားအပြန်ပို့ဆောင်ပေးခဲ့သည်။ 



၂၀၁၈ ခုနှစ်၊ သြဂုတ် ၃၁ ရက် နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရ ဆွာ ချောင်းရေလှောင်တမံ၏ ရေ၀င်ရောက်မှုအမှတ်၊ ၂၉၁ ဒသမ ၆ ပေဖြစ်ပြီး ကန် အတွင်း ရေသိုလှောင်မှုပမာဏ ၃၁၉၁၉ ဧကပေခန့်ကျန်ရှိကြောင်းနှင့် ဆွာချောင်း ရေလှောင်တမံ၏ ရေပိုလွှဲတံခါး ယာဘက်ခြမ်း ကျိုးပေါက်မှုအား အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်နိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ 

0 comments:

Post a Comment