Saturday, May 11, 2019

KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ


KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မေ ၁ဝ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာအုပ်စု၊ ခချန်ကူးကျေးရွာနေ မောင်ဘရန်နန်သည် မေ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဖော်ငါးဦးနှင့်အတူ သစ်မွှေးခေါက် ရှာဖွေရန် တောထဲသို့ ထွက်ခွာလာစဉ် ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာအား မံစီမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment