Monday, May 6, 2019

AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်နေသူများအား ဆက်လက်စစ်ဆေး ဆောင်ရွက်၊ ပတ်သက် ဆက်နွှယ်မှု မရှိသူ ၄၈ ဦးအား ထပ်မံပြန်လည် စေလွှတ်


AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်နေသူများအား ဆက်လက်စစ်ဆေး ဆောင်ရွက်၊ ပတ်သက် ဆက်နွှယ်မှု မရှိသူ ၄၈ ဦးအား ထပ်မံပြန်လည် စေလွှတ်

နေပြည်တော် မေ ၆
 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ မသင်္ကာဖွယ် အမျိုးသား ၂၇၅ ဦးအား တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ခေတ္တ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက် ရှိ ကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသူ ၁၂၆ ဦး အား မေ ၂ ရက်တွင် ပြန်လည်စေလွှတ်ပေး ခဲ့ပြီးဖြစ်ကြောင်းနှင့် ၁၃၁ ဦးအား ဆက်လက်စစ်ဆေး မေးမြန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါ ၁၃၁ ဦးအား ဥပဒေနှင့်အညီ အသေးစိတ် ဆက်လက် စစ်ဆေးမေးမြန်းမှု များ ဆောင်ရွက်ခဲ့ရာ ၎င်းတို့အနက် ၄၈ ဦးမှာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း ထပ်မံစိစစ် သိရှိရသဖြင့် ယနေ့တွင် မသင်္ကာဖွယ်ရာ စာရင်းမှပယ်ဖျက်ခဲ့ပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment