
သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်း
နေပြည်တော် မေ ၎
နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိသည်။ ထိုသို့ဖြန့်ဝေလှူဒါန်းရာတွင် ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်က ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာများသို့ သောက်သုံးရေဂါလန် ၅၂ဝဝ ကိုလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ကျိုင်းတုံမြို့နယ်၊ ကော်ဟွေပုံကျေးရွာသို့ သောက်သုံးရေဂါလန် ၆၄ဝဝ နှင့် သောက်ရေသန့်ဘူးများ ကိုလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က လှိုင်းဘုန်းကျေးရွာ၊ ၅၈ လုံးတန်းရပ်ကွက်၊ ၉၂ လုံးတန်းရပ်ကွက်၊ လမုတစ်ပင်ကျေးရွာ၊ တပြုကွဲကျေးရွာ၊ အိမ်တော်ရာစခန်းကျေးရွာ၊ ရွာသစ်ဘုန်းတော်ကြီး ကျောင်းနှင့်လိပ်ချောင်း ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေဂါလန် ၅၅ဝဝ နှင့် ရေသန့်ဘူးများကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အမ်းမြို့နယ်၊ ကိုးကန်တန်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ငွေတောင်ကျေးရွာသို့ ရေဂါလန်၁၆ဝဝ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူ မြို့နယ်၊ မြောက်ရေကြည်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ကံရွာကျေးရွာ၊ အင်ဒိုင်းကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ဒေါင်းနန်းကျကျေးရွာ၊ ရွှေကျင်မြို့နယ်၊ စလူးချောင်းကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ညောင်ဖြူကျေးရွာ၊ ရေတွင်းလှကျေးရွာ၊ သဲဖြူကျေးရွာ၊ ပုတီးတောကျေးရွာ၊ ကရင်ကုန်းကျေးရွာ၊ ကြာအင်းကျေးရွာ၊ မသုန်ကျေးရွာ၊ ကြပ်ပြိုကျေးရွာ၊ ခုံကြီးကျေးရွာ၊ ပြည်မြို့နယ်၊ အင်းငါးခွကျေးရွာ၊ နတ္တလင်းကျေးရွာ၊ ကုတင်ငါးဆင့်ကျေးရွာ၊ တောင်ခွေးရဲကျေးရွာနှင့် သူဌေးကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၁၅ဝဝ နှင့် ရေသန့်ဘူးများကိုလည်းကောင်း အသီးသီးသွားရောက်ဖြန့်ဝေလှူဒါန်းကြသည်။ အဆိုပါသောက်သုံးရေရှားပါးမှုကြုံတွေ့နေရသောနေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


0 comments:
Post a Comment