Sunday, May 5, 2019

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပြုလုပ်



Image may contain: 3 people, people sitting and indoor


အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပြုလုပ်

နေပြည်တော် မေ ၎

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံရှင် ပြုအလှူတော်မင်္ဂလာကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် နန်းမြို့တွင်းရှိ နန်းမြို့ဆုတောင်းပြည့်ဘုရားနှင့် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမတို့၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

မေ ၃ ရက်နံနက်ပိုင်းတွင် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် သီလရှင်လောင်းများကို နန်းမြို့ဆုတောင်းပြည့်ဘုရားနှင့် နန်းမြို့ရိုးတို့၌ သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ လှည့်လည်ပြီး ညနေပိုင်းတွင် ရန်အောင်မြင် ခန်းမ၌ သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက ဆံချမင်္ဂလာပြုလုပ်ပေးသည်။ ထို့နောက် သံဃာတော်များက ရဟန်းလောင်း ၁၄၅ ပါး၊ ရှင်သာမဏေလောင်း ၂၆ ပါးနှင့် သီလရှင် ၁၁ ပါးတို့ကို ရဟန်းဘောင်၊ ရှင်သာမဏေနှင့် သာသနာ့အနွယ်ဝင် သီလရှင်အဖြစ်သို့ သွတ်သွင်းချီးမြှင့်ပေးသည်။ ထို့ပြင် အလှူတော်မင်္ဂလာ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပင့်သံဃာတော်များနှင့် ဒုလ္လဘရဟန်းများအား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ သိမ်ဆင်းလောင်းလှူကြသည်။

ယင်းနောက် ရေစက်ချအလှူတော်မင်္ဂလာကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သြဝါဒါစရိယ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက် သမ္မတစာချကျောင်းဆရာတော် ဘဒ္ဒန္တအကုင်္ရထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ဆက်လက်၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



Image may contain: one or more people and crowd

0 comments:

Post a Comment