Monday, May 6, 2019

အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ပထမအကြိမ်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်

အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ပထမအကြိမ်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်

နေပြည်တော် မေ ၆
 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ပထမအကြိမ်) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အောင်စိုးမိုး(၁) ရွှေပြည်သာ စစ်မှုထမ်းဟောင်း အိမ်ရာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မြစ်ကြီးနား)၌ နေထိုင်ခွင့်ရရှိသူ မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်များ၊ အခန်းသော့များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ အခြားအဆင့် နေအိမ်နှစ်ခန်းတွဲ၊ သုံးထပ်၊ အဆောက်အအုံ သုံးလုံးနှင့် အိမ်ခန်းပေါင်း ၁၈ ခန်းတို့အား တိုင်းမှူးက ဖဲကြိုးဖြတ် ဖွင့်လှစ်၍ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံကာ အိမ်ရာတိုက်ခန်းများအား လှည့်လည်ကြည့်ရှုပြီး စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင်များအား နေရာချထားပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


0 comments:

Post a Comment