Sunday, May 5, 2019

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း




သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော် မေ ၅

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်း ဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိသည်။

ထိုသို့ ဖြန့်ဝေလှူဒါန်းရာ၌ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ကလောမြို့၊ ရပ်စောက်မြို့နယ်၊ ပင်စိမ်းပင်ကျေးရွာ၊ လွယ်ထွဲကျေးရွာနှင့် ဘူးခူကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၄၂ဝဝ ကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ခရွန်းကျေးရွာ၊ ကုလားတန်ကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာ၊ ဈေးမသွယ်ကျေးရွာ၊ ဇေယျာမွန်ရပ်ကွက်၊ ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ အထက်ရေပူကျေးရွာအုပ်စု၊ ရွှေအောင်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြဝတီမြို့နယ်၊ အေးသုခကျေးရွာနှင့် ဖာပွန်မြို့နယ်၊ မဲသလွတ် ကျေးရွာများသို့ သောက်သုံးရေဂါလန် ၃၅၉ဝဝ နှင့် သောက်ရေသန့်ဘူးများကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့နယ်၊ တောင်စမ်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂ဝဝ ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကုတ်မြို့နယ်၊ မိကျောင်းတိုး ကျေးရွာသို့ သောက်သုံးရေဂါလန် ၃ဝဝဝ ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ကြီးအုပ်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၇၂ဝဝ နှင့် သောက်ရေသန့်ဘူး များကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာ၊ ရွှေကျင်မြို့နယ်၊ အောင်ရတနာကျေးရွာ၊ ပေါင်းတည်မြို့ နယ်၊ မှတ်တိုင်ကျေးရွာ၊ သဲကုန်းမြို့နယ်၊ ရှားလျားကုန်း ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ပြည်မြို့နယ်၊ နတ်ရေတွင်း ကျေးရွာ၊ ပန်းတောင်းမြို့နယ်၊အင်းတိုင်ကျေးရွာ၊ မြေဝါကုန်းကျေးရွာ၊ ရွာသစ်ကုန်း ကျေးရွာနှင့် မြောင်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၈၆ဝဝ နှင့် သောက်ရေသန့်ဘူးများကို လည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။ အဆိုပါ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး










https://pp.userapi.com/c850024/v850024877/185ac1/QVc66MGd0jU.jpg

0 comments:

Post a Comment