Wednesday, May 1, 2019

မူဆယ်မြို့သို့ပို့ဆောင်မည့် နွားတင်ကားနှစ်စီး သီပေါမြို့အနီးတွင် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံး


မူဆယ်မြို့သို့ပို့ဆောင်မည့် နွားတင်ကားနှစ်စီး သီပေါမြို့အနီးတွင် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံး
မေ ၁၊ ၂၀၁၉
 Image may contain: outdoor
ခင်ဦးမြို့မှ မူဆယ်မြို့သို့ပို့ဆောင်မည့် နွားတင်ကားနှစ်စီးကို ပစ်ခတ်ခံရမှုကြောင့် တစ်ဦး​​သေဆုံးကာ တစ်ဦးဒဏ်ရရှိခဲ့ကြောင်း သီ​​ပေါရဲစခန်းမှ သတင်းရရှိသည်။

နွားများတင်ဆောင်လာသည့်ကားကို လက်နက်ငယ်နှင့် ပစ်ခတ်မူကြောင့် ယာဉ်ကားတစ်စီးပေါ်မှယာဉ်​​မာင်းနှင့် အခြားကားတစ်စီးပေါ်က ယာဉ်နောက်လိုက်တစ်ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်
မေလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က သီပေါမြို့နယ် တွန်​​ခေါကျေးရွာအနီး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ယာဉ်​​နောက်လိုက်တစ်ဦးမှာ ပေါင်​​ဖောက်ဝင်ဒဏ်ရာရရှိ၍ ကျန်ယာဉ် မောင်းတစ်ဦးမှာ စားသောက်ဆိုင်တစ်ခုရှေ့အရောက်ကားရပ်နားစဉ် ဝဲဘက်ရင်အုံဘေးတစ်ချက်၊ ရင်​​အုံပေါ်တစ်ချက်၊ ရင်အုံအောက်တစ်ချက်ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
 Image may contain: horse and outdoor
ပစ်ခတ်သူများကို လိုက်လံစုံစမ်းနေပြီး သီပေါရဲစခန်းမှ အမူဖွင့်ဆောင် ရွက်ထားရှိကာ ပစ်ခတ်ခံရ သည့်ကားနှစ်စီးအပါအဝင် ၁၂ ဘီးယာဉ်​​​ ၄ စီးမှာ တရားဝင်ခွင့်ပြုချက်ဖြင့် နွားများတင်​​ဆောင်လာခြင်းဖြစ်ပြီး နွား အကောင်ရေ ၈၀ ကျော် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့် အနီးတဝိုက်သည် တိုင်းရင်းသားလက်နက်ကိုင်တက်ဖွဲ့များ သွားလာ လှုပ်ရှားနေသော နေရာဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ အထက်ပါကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များ သည် လားရိုး-မူဆယ်ပြည်ထာင်စုလမ်းတလျှောက် နွားတင်ကားများ မကြာခဏပစ်ခတ်ခံခဲ့ရသည့် နေရာတစ်ခုလည်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ-မြ

No photo description available.





0 comments:

Post a Comment