Monday, May 6, 2019

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း


သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော် မေ ၆
 

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေလှူဒါန်းရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁ဝဝဝ ကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကြီးမြို့နယ်၊ အောင်သပြေရပ်ကွက်၊ ရပ်စောက်မြို့နယ်၊ ပိန္နဲပင်ကျေးရွာ၊ ကလောမြို့နယ်၊ မြင်းကကျေးရွာ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မြေနီကုန်းကျေးရွာ၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁ဝဝဝဝ ကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နောင်ခရီကျေးရွာ၊အောင်မင်္ဂလာ ရပ်ကွက်(၁)/(၂)၊ ကျိုက်ထိုမြို့နယ်၊ ဘုရားကျေးရွာ၊ တောကြီးကျေးရွာ၊ ဇီးပြောင်း(၅) ကျေးရွာနှင့် ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ကော့ကျိုက်မွန်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၄၂ဝဝ ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်က ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာသို့ သောက်သုံးရေဂါလန် ၃၆ဝဝ ကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်က မင်္ဂလာဒုံမြို့နယ်၊ဘောဂရပ်ကွက်၊ ကြူစမ်းရပ်ကွက်များသို့ သောက်သုံးရေဂါလန် ၇၂ဝဝ နှင့် ရေသန့်ဘူးများကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ တပ်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၃၆ဝဝ ကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ဖြူမြို့နယ်၊ ငလပွေ့ရွာသစ်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၅ဝဝဝ ကိုလည်း ကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မိတ္ထီလာမြို့နယ်၊ ညောင်မြင့်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျစ်ဆုံပွေးကျေးရွာတို့၌ သောက်သုံးရေဂါလန် ၁၇၆ဝဝ နှင့် ရေသန့်ဘူးများကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ တောင်ကြီးကျေးရွာနှင့် ကံရိုးကျေးရွာ၊ ပဲခူးမြို့နယ်၊ ဈေးညောင်ပင်ကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ပိတောက်ကုန်းကျေးရွာများသို့ ရေဂါလန် ၄၈ဝဝ နှင့် သောက်ရေသန့်ဘူးများကို လည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။

အဆိုပါသောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
 
 
 
 


 
 


0 comments:

Post a Comment