မူဆယ်မြို့သို့ပို့ဆောင်မည့် နွားတင်ကားနှစ်စီး
သီပေါမြို့အနီးတွင် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံး
မေ ၁၊ ၂၀၁၉
ခင်ဦးမြို့မှ
မူဆယ်မြို့သို့ပို့ဆောင်မည့် နွားတင်ကားနှစ်စီးကို ပစ်ခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရရှိခဲ့ကြောင်း သီပေါရဲစခန်းမှ သတင်းရရှိသည်။
နွားများတင်ဆောင်လာသည့်ကားကို လက်နက်ငယ်နှင့် ပစ်ခတ်မူကြောင့် ယာဉ်ကားတစ်စီးပေါ်မှယာဉ်မာင်းနှင့် အခြားကားတစ်စီးပေါ်က ယာဉ်နောက်လိုက်တစ်ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မေလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က သီပေါမြို့နယ် တွန်ခေါကျေးရွာအနီး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက်တစ်ဦးမှာ
ပေါင်ဖောက်ဝင်ဒဏ်ရာရရှိ၍
ကျန်ယာဉ် မောင်းတစ်ဦးမှာ စားသောက်ဆိုင်တစ်ခုရှေ့အရောက်ကားရပ်နားစဉ် ဝဲဘက်ရင်အုံဘေးတစ်ချက်၊
ရင်အုံပေါ်တစ်ချက်၊
ရင်အုံအောက်တစ်ချက်ဖြင့် နေရာတွင်
ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ပစ်ခတ်သူများကို လိုက်လံစုံစမ်းနေပြီး သီပေါရဲစခန်းမှ အမူဖွင့်ဆောင် ရွက်ထားရှိကာ
ပစ်ခတ်ခံရ သည့်ကားနှစ်စီးအပါအဝင် ၁၂ ဘီးယာဉ် ၄ စီးမှာ တရားဝင်ခွင့်ပြုချက်ဖြင့် နွားများတင်ဆောင်လာခြင်းဖြစ်ပြီး နွား အကောင်ရေ ၈၀ ကျော်
တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့်
အနီးတဝိုက်သည်
တိုင်းရင်းသားလက်နက်ကိုင်တက်ဖွဲ့များ သွားလာ လှုပ်ရှားနေသော
နေရာဖြစ်ကြောင်း
ဒေသခံအချို့ကပြောသည်။ အထက်ပါကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များ သည်
လားရိုး-မူဆယ်ပြည်ထာင်စုလမ်းတလျှောက် နွားတင်ကားများ
မကြာခဏပစ်ခတ်ခံခဲ့ရသည့် နေရာတစ်ခုလည်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ-မြ