Monday, November 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်)


၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအစည်းအဝေးအပါအဝင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့်အစည်းအဝေးများမှ ပြည်ထောင်စု
သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၃ ပိုင်း၊ သဘောတူညီချက်စုစုပေါင်း
၅၄ ချက်ရရှိခဲ့ပါသည်။ ၎င်းသဘောတူညီချက်များနှင့်ကျန်ရှိသည့်ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ်ပါအချက်များအား ဆက်လက်ဆွေးနွေးရန်ဖြစ်သော်လည်း
COVID-19 ကပ်ရောဂါဖြစ်ပွားခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ဆောင်ရွက်လျက်ရှိခြင်းများကြောင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများအား ဆက်လက်ဆောင်ရွက်ရန် အခိုက်အတန့်အားဖြင့် ရပ်ဆိုင်းသကဲ့သို့
ဖြစ်ခဲ့သည်။

၂။ ယခုအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ခြင်း၊ COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍
အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း၊ နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး
အောင်မြင်ပြီးဆုံးသည်အထိဆောင်ရွက်ရန်မှာလည်း မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်း
စဉ်ဖြစ်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင်
လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် ဆက်လက်
ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
များအား အမြန်ဆုံးဆက်လက်ဆွေးနွေးရန် လိုအပ်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေးအောင်မြင်
ပြီးဆုံးသည်အထိလိုအပ်၍ တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန်ရှိလာပါက ဆက်လက်
ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား အောက်ပါ
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
( က ) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ
( ခ ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် အဖွဲ့ဝင်
( ဂ ) ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း အဖွဲ့ဝင်
( ဃ ) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် အဖွဲ့ဝင်
( င ) ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အတွင်းရေးမှူး
၄။ ၎င်းတပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေး
ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်
ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရ
ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန်ဖြစ်
ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Sunday, November 8, 2020

ချီးစားပြောတောင် ချီးကြိုက်လို့ပဲ ထင်တယ် .....။

 တပ်မ ၈၈ က NLD ကို မဲပေးတယ်ဆိုပြီး သတင်းတစ်ပုဒ်တက်လာတယ်
ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ တပ်မဌာနချုပ်က ပြည်သူတွေနဲ့ အတူ တပ်မိသားစုအားလုံး မဲပေးတာ .......
သိင်္ဂါဂီရိ ရပ်ကွက် မဲရုံ အမှတ် ၄ မှာ အင်အား ၄၀၀ ကျော်နဲ့ မဲပေးတယ်။

တခြားပြည်သူတွေနဲ့ အားလုံးပေါင်းရင် ၁၃၀၀ ကျော်လောက်ရှိတယ်။
ဒီမဲရုံမှာ တပ်မဌာနချုပ်က တပ်မိသားစုဝင် ၄၀၀ ကျော်ကလည်း မဲပေးတယ်။
ဒီတော့ တပ်မိသားစုဝင် အားလုံး NLD ကို မဲမပေးဘဲ တခြား ပါတီပေးခဲ့ရင်တောင်မှ
ဒီမဲ ရုံမှာ NLD နိုင်လိမ့်မယ်။

သို့ပေမယ် လက်ရှိ လူမှုကွန်ယက်မှာ ပြန့်နေတာက တပ်မဌာနချုပ်က မဲပေးလို့
နိုင်ပါတယ်ဆိုပြီး တပ်ကို စွဲထည့်လာတယ်။
ကုန်ကုန်ပြောရရင် တပ်ကို ချနင်းလာတယ်။

ထားတော့ ခင်ဗျားတို့ စဉ်းစားဖို့ ကျုပ်ပြောပြမယ်။
တပ်မ ၈၈ ဆိုတာ တကယ့်  Fighter တပ်မ ဗျ .......
စစ်ဆင်ရေး ဂွင်မှာ နာမည်ကြီးတဲ့ တပ်မ .....
ဒီတပ်မက မိသားစုဝင်တွေဟာလည်း
စစ်သားတစ်ယောက်လုံး ခံစားချက်ရှိတယ် .......။

စဉ်းစားဖို့ တစ်ခုပြောပြရရင်
ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲအလီလီ ဆင်နွှဲလာခဲ့တဲ့ တပ်မ.......
ရှေ့တန်းစစ်မြေပြင်မှာ ပေးဆပ်ခဲ့တဲ့ ညီအစ်ကိုတွေကို
အမြဲအောက့်မေ့နေတဲ့ တပ်မ .......

တစ်ခုပဲပြောပြမယ်.......
သူပုန်သေလို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့တဲ့ ပါတီကို
ဒီလို တပ်မကြီးက မဲပေးမတဲ့လား .......
ထွီ .....
ချီးစားပြောတောင် ချီးကြိုက်လို့ပဲ ထင်တယ် .....။

ME™

Saturday, November 7, 2020

"ရဲဘော်ရဲဘက်တွေနဲ့အတူတကွ မဲပေးချင်လို့"

 တပ်ချုပ်ကြီး ဘယ်ပါတီကို မဲပေးခဲ့တာလဲ?
ဘာလို့ ဒီနေ့မှ  "မဲ"ပေးတာလဲ?

အမျိုးဘာသာသာသနာကို အလေးထားတဲ့ပါတီ၊
ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီ၊
တပ်မတော်နဲ့လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို
မဲပေးခဲ့တာလို့  မီဒီယာတွေကို ဖြေခဲ့တယ်။

ကိုဗစ်ကာလလည်းဖြစ်နေတယ်။
အသက်(၆၀)ကျော်ရင် ကြိုတင်မဲပေးခွင့်ရှိတာကို
ဘာလို့ ရွေးကောက်ပွဲနေ့မှ မဲပေးတာလဲလို့ မီဒီယာတွေက မေးတဲ့အခါ
"ရဲဘော်ရဲဘက်တွေနဲ့အတူတကွ မဲပေးချင်လို့"
ဒီနေ့မှ မဲပေးခဲ့တာလို့  ဖြေခဲ့တယ်။

Credit-

 

 


Thursday, November 5, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှု ကောက်နှတ်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှု ကောက်နှတ်ချက်

“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင် ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲ့ဒါ ကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထား တဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကို ကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တစ်ကယ်ကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ်  မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်းကြောင်းကြောင့် အဲ့ဒီနေ့မှာ မိုးတွေရွာလာမယ်။ လေတွေ တိုက်လာမယ်။ ဒါတွေဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေမှာ သွားရေးလာရေးတွေ အခက်အခဲဖြစ်လာမယ် ဆိုလို့ရှိရင်လည်း တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို။တစ်ဖက်ကလည်း မဲပေးတဲ့သူတွေရော မဲပေးဖို့ အချိန်ရတဲ့သူတွေကရော သဘာဝဘေး အန္တရာယ်ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေက တစ်နေရာထဲမှာရှိတာမဟုတ်ဘူး နေရာအနှံ့အပြားကနေ စုလာမယ့် လူတွေရှိတယ်။

ဥပမာအားဖြင့် မဲရုံ တစ်ရုံတည်းမှာ တစ်ခြားနေရာကနေ လာပြီးတော့ မဲပေးရမယ့် လူတွေရှိတယ်၊ အဲ့ဒီ မဲပေးရမယ့်လူတွေက လမ်းမှာ လမ်းမကောင်းတာတို့ တံတားတွေ မကောင်းလို့တို့ မဲရုံကို အချိန်မီမရောက်နိုင်လို့ မဲပေးခွင့် ဆုံးရှုံးသွားမယ့်ဟာမျိုး မဖြစ်ဖို့လို တယ်။ ဒီလိုလုပ်တာအခါမှာ သူတို့ လုံလုံခြုံခြုံ ချောချောမွေ့မွေ့နဲ့ မဲလာပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကူညီပေးပါလို့ ပြောလိုတယ်။ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင် ထားဖို့ပေါ့။ နောက်တစ်ခုကလည်း မဲပေးတဲ့အချိန်က ကာလအချိန် အကြာကြီး ပေးရမှာ ဖြစ်တယ်။ ပထမဆုံး မဲပေးတဲ့လူကနေ နောက်ဆုံးမဲပေးတဲ့လူအထိပေါ့။ အချိန်က ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့တော့မရဘူး။ အဲဒီအချိန်မှာ မဲပေးတဲ့လူတွေက ရေဆာတာတို့ ဗိုက်ဆာတာတို့ ဒါတွေလည်းဖြစ်နိုင်တယ်။ ဒါတွေလည်း သတ်မှတ်ထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ မဲရုံရဲ့ ပြင်ပ သတ်မှတ်ထား တဲ့ နေရာကနေပြီးတော့ သူတို့စားနိုင်ဖို့ သောက်နိုင်ဖို့အတွက် ဒါလေးတွေလည်း ကူညီ ပေးဖို့ ပြောလိုတယ်။ တစ်ချို့ဆို ခပ်ဝေးဝေး ခပ်လှမ်းလှမ်းက လာရမှာတွေရှိတယ်။ ဒါကြောင့် ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သလိုပဲ နေပူတဲ့အချိန်လည်း ဖြစ်ချင် ဖြစ်မယ် ပြောလို့တော့မရဘူး။ တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီ မဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့် အကွာအဝေးမှာ သူတို့ ဘယ်လောက် ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ရေသောက်ဖို့တို့ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီ ပေးဖို့မှာလိုတယ်။

 နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့ အဆုံး အဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ အချိန်ကာလကြာကြာ ကတည်းကနေပြီးတော့ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနှင့်ပတ်သက်ပြီး မသမာမှုလုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ် စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့ နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့တင်ပြချက်တွေကြောင့် သိနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲထည့်မှာ ပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ကိစ္စတွေဖြစ်တယ်။  ကြိုတင်မဲပေးတဲ့ကိစ္စ တွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက်ကြောင့် တစ်ကယ်မဲပေးတဲ့နေ့ကျလို့ရှိရင် လည်း အကြောင်း အမျိုးမျိုးကြောင့် အားနည်းချက်ဖြစ်လာလို့ရှိရင်လည်း    ချောချော မွေ့မွေ့နဲ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်။ ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့ အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်။”

Wednesday, November 4, 2020

ဒါဟာ ၂၀၁၅ ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုချက်ပါပဲ ......။

ဒါဟာ ၂၀၁၅ ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုချက်ပါပဲ ......။

ခင်ဗျားတို့ သိဖို့က တပ်မတော်ဆိုတာ အခုတစ်မျိုး တော်ကြာတစ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ပြောတဲ့ စကားကို အမြဲတည်တံစေတယ် ........။
 

ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို သိဖိုလိုအပ်တယ်

ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို သိဖိုလိုအပ်တယ်

 

 ဒီနေ့ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲကြည့်လိုက်ရတယ်။ အထူးသတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ တပ်ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ပြန်လည်ဖောင်းထုခြင်းအနုပညာပွဲလို့ အမည်ပေးနိုင်တာပေါ့လေ။ အမျိုးသားရင်ကြားစေ့ရေးအတွက် သိပ်ကိုအရေးပါတဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။
တပ်က ဝန်ထမ်းအဖွဲ့အစည်းမို့ နိုင်ငံရေးမှာ ဝင်ပါခြင်းဟာ ခြေဥနဲ့ မကိုက်ဘူးလို့ ဆိုတာလဲ ကြားမိရဲ့။
ခြေဥနဲ့ကိုင်ပြောတော့ ကိုယ်လဲ ခြေဥနဲ့ပဲ ကိုင်ပြောကြည့်ချင်တယ်။
ပုဒ်မ ၂၀ (င) အရဆိုရင် တို့တာဝန်အရေးသုံးပါးကို ကာကွယ်၊စောင့်ရှောက်ဖို့ တပ်မတော်က အဓိက တာဝန်ရှိတယ်လို့ ဆိုတယ်။ လက်ရှိအခင်းအကျင်းက တို့တာဝန်အရေးသုံးပါးကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်တယ်။
 ဒါ့ကြောင့်ကာကွယ်စောင့်ရှောက်တာပါလို့ ဖြေရင် ဘယ်လိုပြန်ပြောမလဲ သိချင်ရဲ့။
၂၀ (စ) အရတော့ အများသိတဲ့ ခြေဥကို တပ်မတော်က ကာကွယ်စောင့်ရှောက်ရမယ်တဲ့။
 အပေါ်က စာထက်ပိုလေးနက်တယ်မဟုတ်ဘူးလား။ ဒါဆိုတာဝန်ရှိတာ ပုံပေါ်မယ်ထင်ပါရဲ့။
၂၆ (က) အရ ဝန်ထမ်းဟာ ပါတီနိုင်ငံရေးကင်းရှင်းရမည်လို့ပါတယ်။
တပ်ကအခု ရွေးကော်ကို ကြေညာချက်ထုတ်တာဟာ ပါတီနိုင်ငံရေးလား။ ဘယ်ပါတီကို မဲပေးပါ။
ဘယ်ပါတီကို မဲမပေးပါနဲ့လို့ ပါနေလို့လား။ ရွေးကော်ကို ဘယ်သူကမှ ကြေညာချက်မထုတ်ရ၊ မကန့်ကွက်ရလို့ ခြေဥမှာများ ထည့်ပြထားသလား။ ပုဒ်မ ၂၀( င ) ပါ ကာကွယ်စောင့်ရှောက်ရန်ဆိုသည့်စကားရပ်ကို အထောက်အထားပြု၍
 ထုတ်ပြန်သည်လို့ တပ်ကပြန်ပြောရင် ဘယ်လိုဖြေမလဲ။ ပိုပြီးတိကျတဲ့ပုဒ်မ ရှိသေးတယ်။
အဲဒါက ပုဒ်မ ၄၀( ခ) နဲ့ (ဂ) ။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ရယူဖို့ သောင်းကျန်းထကြွတာ၊
 ကြိုးပမ်းဆောင်ရွက်တာတွေကြောင့် တို့တာဝန်အရေးသုံးပါးကို ထိပါးမယ်ထင်ရင် တပ်ချုပ်က ခြေဥနဲ့အညီ နိုင်ငံ့အာဏာကို ရယူသုံးစွဲနိုင်တယ်တဲ့။ ကိုင်း။ ဒီအချက်တွေအရ တပ်က ပြောကြားခွင့်၊ ကြေညာချက်ထုတ်ခွင့်ဆိုတာကို ရှိ၊ မရှိ။
 ဥပဒေကြောင်းအရ ညီ၊ မညီ မြင်သာပြီထင်ပါရဲ့။ တပ်ချုပ်ပြောကြားချက်နဲ့ ကြေညာချက်တွေထဲမှာ ပါတီတစ်ခုခုကို ထိပါးတာ၊ အားပေး၊အားမြှောက်ပြုတာတွေ မပါခြင်းက ပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးလို့ မြင်သာမယ် ထင်ပါရဲ့။
 ဒါကိုမှ မရဘူးလို့ ဖင်ပိတ်ငြင်းနေသေးရင် ပုဒ်မ ၃၅၄ (က) ကို ပြန်ဖတ်။
မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသား ဖြန့်ဝေနိုင်တယ်တဲ့။
 နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးကို သုံးသွားတာမဟုတ်ဘူးလား။
 ဒါတွေက ကိုယ်တွေလို ဘာမှမဟုတ်တဲ့ သူတောင် ထ ပြောနိုင်တဲ့အနေအထား။ ဥပဒေတတ်ကျွမ်းသူဆိုရင် ပိုတောင် ဒေါင့်စေ့ဦးမယ်။ နောက်ဆုံး ခြေဥခုံရုံးပေါ့လေ။ ပုဒ်မ ၃၉၈ အရ ခန့်ထားသူတွေပေါ့။
 သူတို့ကို မည်သူကမှ ကြေညာချက်ထုတ်ခြင်း၊ ကန့်ကွက်ခြင်း မပြုရလို့ မပါဘူးမဟုတ်လား။
 ဒီတော့ ပုဒ်မ ၃၅၄ (က) ကို အကိုးအကားပြု၍ ကြေညာပါသည်ဆိုတာနဲ့တင် ပြီးတယ်။
စာလဲရှည်ပါပြီ။ အဖြေက ရှင်းပါတယ်။
 ပြည်သူကို အထင်သေးတဲ့စိတ်နဲ့ လိမ်ချင်တိုင်းလိမ်လည်နေတဲ့ လဒပါတီအစိုးရကျေးဇူး မူးလို့တောင် ရှုစရာ မရှိဘူး။
Crd

Tuesday, November 3, 2020

စစ်သားဟာ စစ်သားအတွေးနဲ့ပဲတွေးပြီး ဆောင်ရွက်တယ်

စစ်သားဟာ စစ်သားအတွေးနဲ့ပဲတွေးပြီး ဆောင်ရွက်တယ်
 
မှတ်မိသလောက်ဆိုရင် ကိုဗစ်ရောဂါ
မြန်မာနိုင်ငံမှာ စဖြစ်တဲ့အချိန်ကနေ
လက်ရှိအချိန်ထိ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့
ညှိနှိုင်းအစည်းအဝေးကို (၉)ကြိမ် အထိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးစီးပြီး ဆောင်ရွက်ခဲ့တယ်။
  
ကျန်းမာရေးဝန်ကြီးဌာနက
မြန်မာနိုင်ငံမှာ အတည်ပြုလူနာမရှိသေးဘူးလို့ ကြေငြာနေတုန်းမှာ
တပ်မတော်က အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီးတော့
သူ့တပ်တွေကို လော့ဒေါင်းစလုပ်စေခဲ့သလို
လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကိုလည်း မက်စ်တွေတပ်စေပြီးခဲ့ပြီ။
ဒါကြောင့်လည်း စစ်သည်အင်အား (၅)သိန်းပတ်ခြာလည်ရှိတဲ့
တပ်မတော်မှာ Second Wave ဖြစ်တဲ့အချိန်ထိ
ပြည်ပကူးစက်မှု ၁၈ ဦး၊ ပြည်တွင်းကူးစက်မှု ၂၈ ဦးသာ ရှိခဲ့တယ်။

တပ်မတော်ရဲ့ Q စင်တာတွေမှာ လူပေါင်း (၆)ထောင်ကျော်အထိ
စားရေး နေရေး၊ ထိုင်ရေး အဆင်ပြေအောင်
အခမဲ့(အခမဲ့) စီစဉ်ဆောင်ရွက်ပေးခဲ့သလို
တိုင်းစစ်ဌာနချုပ်က နယ်မြေအသီးသီးမှာလည်း
အရပ်ဖက်ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေကို လိုအပ်တဲ့
ထောက်ပံ့မှုတွေ အပြည့်အဝဆောင်ရွက်စေခဲ့တယ်။
တိုင်းစစ်ဌာနချုပ်အလိုက် သက်သာတဲ့ တန်ဖိုးသင့်ထမင်းဟင်းတွေ
ရောင်းချပေးစေခဲ့တယ်။
တပ်ပိုင်မွေးမြူရေးက ထွက်တဲ့သား/ငါးတွေကို ဈေးနှုန်းချိုသာစွာနဲ့
ပြည်သူတွေအတွက်ရောင်းချပေးစေခဲ့တယ်။

ကိုဗစ်လူနာတွေထားတဲ့ အစိုးရရဲ့ဖောင်ကြီး ကိုဗစ်စင်တာကိုလည်း
တပ်မတော်ရဲ့ ပါရဂူ၊ ဆရာဝန်၊ အထက်တန်းသူနာပြုတွေကို
(၈)ကြိမ်အထိ အရပ်ဖက် ဆရာဝန်တွေနဲ့ ပူးတွဲပြီး
တာဝန်ကူညီဆောင်ရွက်စေခဲ့တယ်။

RT ၊ PCR ၊ COBAS 6800 စက်တွေကိုလည်း
ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနဲ့စစ်တွေတွေကို ပို့ဆောင်ပြီး
ပြည်သူတွေ စစ်ဆေးနိုင်ဖို့အတွက် ဖြန့်ခွဲဆောင်ရွက်စေခဲ့တယ်။

တပ်မတော်သားတွေဆီကရတဲ့ လှူဒါန်းငွေတွေနဲ့
မြို့မိမြို့ဖတွေကို လှူပေးတာက ငွေကျပ်သိန်း ၃၉၀၀။
တိုင်းရင်းသားနယ်မြေတွေကို လှူပေးတာက ငွေကျပ်သိန်း ၄၃၀၀။
လူမှုအဖွဲ့အစည်းများကို လှူတာက ငွေကျပ်သိန်း ၆၀၀။
ဘာသာရေးအသင်းအဖွဲ့တွေကို လှူပေးတာက ငွေကျပ်သိန်း ၁၇၀၀။
စစ်မှုထမ်းဟောင်းနဲ့ရဲမှုထမ်းဟောင်းအဖွဲ့တွေကို လှူပေးတာက
ငွေကျပ်သန်း ၇၄၀၀ စသဖြင့်
တပ်မတော်က လှူဒါန်းပေးခဲ့တယ်။

ရခိုင်မှာ ကိုဗစ်စပြီး အကြီးအကျယ် ပြန့်လာတဲ့အချိန်မှာ
ကိုဗစ်ကုသရေး ပစ္စည်းတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို
နေ့/ည မဆိုင်းပဲ ချက်ခြင်း
တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်စေခဲ့တယ်။

ကိုဗစ်ကာလမှာ တပ်မတော်ဟာ
-ကာကွယ်ရေးအတွက် သူ့တပ်တွေကို စည်းကမ်းတကျနေစေဖို့
အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီး စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ကုသရေးအတွက် Q စင်တာတွေလုပ်ပြီး
စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ထိန်းချုပ်ရေးအတွက် လည်း လိုအပ်တဲ့
စက်တွေတပ်ဆင်ပြီးဆောင်ရွက်သလို
တပ်မတော်ဆေးအဖွဲ့ကိုလည်း အရပ်ဖက်ဆေးအဖွဲ့တွေနဲ့
ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။
-ဘာသာရေးအတွက် ဘူမိဖဿဘုရားကို
ဧရာဝတီမြစ်ရေတက်တဲ့ ဝါခေါင်လအတွင်း
စနစ်တကျ သယ်ဆောင်ဖို့ကြိုးစားခဲ့သလို
ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း
လိုအပ်တဲ့ လှူဒါန်းမှုတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးအလိုက်
ဆောင်ရွက်စေခဲ့တယ်။

ကူးစက်မှုနှုန်း လျော့နည်းသွားတဲ့အခါ
ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီလို့
တပ်မတော်က မကြွေးကျော်ခဲ့သလို
ကူးစက်မှုနှုန်း များလာတဲ့အခါ
ပြည်သူတွေ စည်းကမ်းမရှိလို့ဆိုပြီးအပြစ်မတင်ခဲ့ဘူး။
ပြည်သူတွေ လိုအပ်တဲ့အခါ
လိုအပ်သလို အကူအညီပေးနိုင်ဖို့အတွက်သာ
အဆင်သင့်ဖြစ်နေအောင် စနစ်တကျ စီမံဆောင်ရွက်ခဲ့တယ်။
ဒါကြောင့်လည်း ကာကွယ်ရေးဘတ်ဂျက်မဟုတ်တဲ့
တပ်မတော်သားတွေရဲ့ အလှူငွေ ၄. ၅ ဘီလီယံကို
ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချခဲ့တယ်။
တကယ်တော့
နိုင်ငံရေးအသွေးအရောင်မပါတဲ့
တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ
စစ်သားပီပီ တချိန်ကောင်းအတွက်တင်မဟုတ်ဘဲ
အနာဂတ်အထိပါ မျှော်တွေးကြည့်ပြီးလုပ်ပါတယ်။
တချို့ကြတော့လည်း တပ်မတော် နာမည်ရမှာစိုးလို့
မနိုင်ဝန်တွေလည်း ထမ်းနေကြတုန်းပဲ။
crd

Monday, November 2, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
https://cincds.gov.mm/sites/default/files/2-10-2020%2813%291.jpg
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၂ ရက်)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ပြည်သူလူထုလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်အားကျင့်သုံးနိုင်ရေး တပ်မတော်အစိုးရကဦးဆောင်၍ အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပ နိုင်ခဲ့ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အားလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ခေါင်းဆောင်သော  ရွေးကောက်ပွဲ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက် အမှတ် ၅/၂၀၁၁ ဖြင့် ဖွဲ့စည်းပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း ဥက္ကဋ္ဌ ဦးလှသိန်း ခေါင်းဆောင်သော ရွေးကောက်ပွဲ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ် ၄/၂၀၁၆ ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ချိန် ပျမ်းမျှ ၁၆၈၄ ရက်(၄ နှစ် ၇ လ ၉ ရက်) ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်နှင့် စည်းကမ်းစနစ်ကျနသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံလောက်သည့် ပြင်ဆင်ချိန် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးအနေဖြင့်လည်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများ ရှိပြီးဖြစ်ပါသည်။

၂။           ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ မှ ၄၀၃ အထိ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်များ၊ စွပ်စွဲပြစ်တင်ခြင်း၊ ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်ချက်များကို အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည်။ ပုဒ်မ ၃၉၉ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များတွင် “ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း” ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက်တွင် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ရမည် ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဥပဒေများ၊ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခြင်း၊ ပြင်ဆင်သည့်ဥပဒေများ ထပ်မံ ထုတ်ပြန်ခြင်းတို့ကိုလည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဥပဒေအကြောင်းခြင်းရာများအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် တည်ဆဲဥပဒေများ အပေါ်အခြေခံ၍ လုပ်ဆောင်ရမည်ဟု သဘောထားရှိပါသည်။ ယခုကာလသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများပေးနေသည့်ကာလ ဖြစ်ပါသည်။

၃။           ၎င်းကာလအတွင်း၌ နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ကြိုတင်ဆန္ဒမဲများကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရပြီး လမ်းပန်း ဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ပါးဒေသများ၏ အခြေအနေများကိုမူ သိရှိနိုင်ရန် ပိုမိုခက်ခဲပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် ၄ နှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင် ဆန္ဒမဲထည့်သည့်စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေး ချို့ယွင်းအားနည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားပြီး ဖြစ်သော်လည်း တည်ဆဲဥပဒေကို ကျော်လွန်နေသည့် ကြေညာချက်များ ထုတ်ပြန် ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကို အကြောင်းပြလျက် တည်ဆဲဥပဒေများကို ကျော်လွန် သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်နေခြင်းတို့အပေါ် မဲဆန္ဒရှင်များမှ သံသယဖြစ်ဖွယ် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးနောက် ၎င်းအပေါ်အခြေခံလျက် နှစ်စဉ်ခန့်မှန်းသန်းခေါင်စာရင်းများကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသန်းခေါင်စာရင်း များ၌ မဲပေးခွင့်ရှိသူများကိုလည်း ခန့်မှန်းနိုင်ပါသည်။ သို့သော် လက်တွေ့တွင်မူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း တွက်ချက်ရာ၌ပင် ခက်ခဲခဲ့မှုများ၊ လက်တွေ့မဲစာရင်းထုတ်ပြန်ရာ၌ မမှားသင့်သည့်အမှားများ မှားယွင်းခဲ့မှု များကို တွေ့ရှိရပါသည်။  ထို့အပြင် လက်တွေ့ကြိုတင်ဆန္ဒမဲပေးနေသည့် ယခုကာလ၌ အငြင်းပွားစရာဖြစ်ရပ်များ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အသွင်ကူးပြောင်းမှုများကို တပ်မတော်အစိုးရလက်ထက် ကတည်းက အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်၏အသက် ဖြစ်သည့် ရွေးကောက်ပွဲများအား ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တို့၌ ဆောင်ရွက် ခဲ့ရာ လွတ်လပ်၍တရားမျှတစွာ ဆောင်ရွက်နိုင်ခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပလေ့လာသူများ၊ အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း တညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြသည်။ ရှေ့တွင်ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွေ့အကြုံများကိုရယူလျက် လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချို့ယွင်း အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ၏ပုံရိပ်ကို ကြီးမားစွာထိခိုက်စေနိုင်ပါသည်။

၄။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောကော်မရှင် တစ်ခုဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(င)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက် များအရ နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အစိုးရအဖွဲ့မှ တာဝန်ယူရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသည်။ ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍တရားမျှတမှုရှိ/မရှိအပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲ ကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်။

၅။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၂၀၁၅ ခုနှစ်၌ ကျင်းပခဲ့သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့သော အစိုးရ ဖြစ်သည့်အားလျော်စွာ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအားလည်း ပြည်သူလူထုနှင့် နိုင်ငံတကာက လိုလားနေသည့်အတိုင်း ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်။ သို့သော် နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေး ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာမူ ထိုကဲ့သို့ဖြစ်စေရေး အတွက် သံသယဖြစ်ဖွယ်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP)အတိုင်း နိုင်ငံရေး ပါတီများကို လိုက်နာစေရေး ထိရောက်သောကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများ ပြုလုပ်ရန် အားနည်းခဲ့သဖြင့် နောက်ဆက်တွဲ ဆိုးရွားသောရလဒ်များ ဖြစ်ပေါ်ခဲ့ သည်ကိုလည်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာ မှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသောမှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ပါသည်။ အစိုးရ တစ်ရပ်၏ တာဝန်ကျေပွန်မှုကို နောက်ဆုံးရွေးကောက်ပွဲကာလအထိ မှတ်ကျောက် တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင် ဖြစ်ပါသည်။

၆။           COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင် ပိုမိုအရှိန်မြင့်တက်ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွား ဘဝ အပြောင်းအလဲများ၏ ရိုက်ခတ်မှုများ များစွာရှိခဲ့ပြီး ဖိစီးမှုများမြင့်တက် နေချိန်ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုအနေဖြင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ လူမှုစီးပွားဘဝတွင် အရေးပါကြောင်း သိရှိသည့် အားလျော်စွာ အခက်အခဲများကြားမှ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲသည် ၎င်းတို့အတွက် ကောင်းသောအပြောင်းအလဲ တစ်ရပ်ကို ဖြစ်လာစေနိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ ပြည်သူလူထုမျှော်လင့် သည့်အတိုင်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေး တာဝန်ရှိပြီး အလေးထားဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

၇။           ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ အပြန်အလှန်တာဝန်ခံမှုအရလည်းကောင်း၊ ပြည်သူလူထု၏ COVID-19 ကမ္ဘာ့ကပ် ရောဂါကြောင့် စိတ်ဖိစီးမှုများစွာကြားထဲမှ ကောင်းသောအပြောင်းအလဲတစ်ရပ် ဖြစ်လာစေရန် မျှော်လင့်ချက်ကိုလည်းကောင်း ရည်ရွယ်၍ လွတ်လပ်၍တရားမျှတ သော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရေး ရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာ၌ တည်ဆဲအစိုးရမှ စနစ်တကျရှိပြီး မှန်ကန်သော ကြပ်မတ်မှုများစွာလိုအပ်ပါသည်။ နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ မှန်ကန်ပြီး သမာသမတ်ရှိမှုကို ဖော်ပြလေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မကြာမီကျင်းပတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Tuesday, October 27, 2020

ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်

 ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်

သိမ်ငယ်နေတဲ့ မျက်ဝန်းတစ်ချို့ကို ကွယ်ဝှက်ရင်း....မရှက်တမ်း
လှမ်းနေတဲ့ ခြေလှမ်းတွေကို စားရိပ်သာဆီသို့.......
ဦးတည်လိုက်မိတယ်.....။ အမေ့ဆေးဖိုးနဲ့ အဖေ့လစာနဲ့
မလောက်တဲ့ အချိန် တစ်လရတဲ့ ဗိုလ်လောင်းလစာ
၂ သောင်းခွဲဆိုတော့ ....တကယ်တော့ မလုံလောက်ခဲ့ဘူးလေ။

ရာသီဥတုရဲ့ ကြမ်းတမ်းမှု...တွေ့ကြုံရတဲ့ မိုးတွင်းကာလတိုင်း
တလက်လက် မထနိုင်တော့တဲ့
စစ်ဖိနပ်ရှည်က တဖက်စောင်းနေပြီ..... တစ်ရံကို
၁ သောင်းကျော် ရှိတဲ့ အချိန် .....အသစ်မဝယ်နိုင်တိုင်း
အဟောင်း တစ်ဖက်ကို ပိုးပိုးစီးတက်လာခဲ့တာက လွဲရင်
အသစ်ဆိုတဲ့ စကားလုံးကို
မျက်ကွယ်ပြုထားခဲ့တာ ကြာပြီ မဟုတ်လား.........။

Lance Corporal (LC) လေးကို ကပ်ထားတဲ့
လက်မောင်း တစ်ဖက်မှာ တပ်ခွဲအုပ်ချူ ပ်မှု ကိစ္စတွေ
နဲ့ လုံးချာ လိုက်နေပြည်တော့....သူများေတွ အိပ်ချိန်ရောက်မှ
စာဖတ် ၊ စာကျက်ရတာလဲ အခါခါ ။ အိပ်ချင်စိတ်တွေ
ကြီးစိုးနေတဲ့.......
ကော်ဖီမစ်တွေ အစား ပေါင်တံမှာ ဘောပင်လ် စူးရာတွေပဲ
အဖတ်တင်လာခဲ့တယ်....။

လတစ်လရဲ့သောကြာနေ့ကို ရောက်တိုင်း အမြဲတွေးပူရတဲ့
အရာတစ်ခုက ၁၀၀ တန် လေးရွက်....
ကျန်ပါ့မလားဆိုတာကိုပေါ့.... တပါတ် ၁ ခါ
ညှပ်ရတဲ့ ခေါင်းပေါ်က ဆံပင်ကို ကြည့်ပြီး တစ်ခါတစ်လေ
၁၀၀ တောင်ရှာမရတဲ့ ဒုက္ခကလဲ အကြိမ်ကြိမ်..ကြုံရမြဲ။

သက်လုံ ၅ မိုင်ပြေးပြီး ပြန်လာတာနဲ့
ပထမဆုံးလုပ်ရမှာက ရေချိူ းပြီး ဖိုင်နယ် ရီးယား ဂါဒီယမ်*
ကိုစောင့်ရမယ်....။ အကိုအရင်း မတော်တဲ့ အကို
တစ်ယောက်ရဲ့ဂရုစိုက်မှုဆိုတာ စစ်တက္ကသိုလ်ရောက်မှ
ကိုယ်တိုင် တွေ့ကြုံရတဲ့ အရာတွေပေါ့.....။

စစ်တက္ကသိုလ် စရောက်တော့
ညတိုင်း ခြင်ထောင် လာချပေးပြီး ဘေးမှာ
အိမ်အကြောင်းတွေ မေးတတ်တဲ့ အကို ၊သူ့အခန်းကို
သူသန့်ရှင်းရေး လုပ်တဲ့ အချိန် ဖိနပ်ကလေး အမြင်မတော်လို့
လက်နဲ့ဖယ်ပေးမိလိုက်တာ ဖိနပ်ကိုင်ရမလားဆိုပြီး ဆွဲထိုးတဲ့
အကို........။

အဲဒီလို ညီအရင်းတစ်ယောက်လို ချစ်တတ်တဲ့ ဂါဒီယမ် အကို့ကို
ကျနော် သိပ်ချစ်တယ်.......။

စစ်တက္ကသိုလ် စာမေးပွဲ အတွင်းမှာ
စာကျက်တာ အိပ်ချင်နေမှာစိုးလို့
ဇီးထုတ် ကလေးနဲ့ ၊ခေါက်ဆွဲပြုတ်ထားတဲ့ ရေပုံး ခပ်ကြီးကြီးနဲ့၊
အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီမစ်လေးနဲ့
ဂရုတစိုက်မပျက်ကွက်ပဲ ဂရုစိုက်တတ်တဲ့ သူပေါ့ ၊

အာ့နေ့က သောကြာ သက်လုံပြေးပြီး ပြန်လာတဲ့ အချိန်။
၈ နာရီမှာ စမယ့် အစည်းအဝေးမှာ ပထမနှစ် ဗိုလ်လောင်းတိုင်း
ဆံပင်ညှပ်အပြီးပေါ့ အိတ်ကပ်ထဲ ထည့်စမ်းလို့ လက်ဗလာ
အတိုင်းပြန်ပါလာတဲ့အခါ ဖိုင်နယ်ရီးယား ဂါဒီယမ်ဆီ
ကျနော်ပြေးပြီ၊

၂ မိနစ်လောက်ပဲ ကြာတဲ့ ဆံပင်ညှပ်ဆိုင်ထဲက
ကျနာ်ထွက်လာတော့ တကိုယ်လုံး ပေါ့ပါးနေပြီ။မဖြစ်
မနေလုပ်ရမယ့် အလုပ်တစ်ခု ပြီးမြောက်သွားတဲ့
အချိန် ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်မျိူ းပေါ့၊

စနေနေ့ဗျူ ဟာစသင်တော့ ကျနော့် ဂါဒီယမ်
အရိုက်ခံရတယ်ဆိုတဲ့ သတင်းကို ကျနော်သဲ့သဲ့ကြားမိလိုက်တယ်။

နောက်တစ်ရက်ကျော် တနင်္ဂနွေ နေ့ရောက်လို့ out pass*ရတဲ့
အချိန်။ အဲ့နေ့က ကျနော့်အမေ ကျနော့်ကို ဧည့်တွေ့
လာတွေ့သည့်နေ့။တပ်ပြင်ထွက်ခွင့်
ပေးတဲ့ ဝတ်စုံတန်ဆာထဲက ခါးမှာ ပတ်တဲ့ ရွှေနှင်းဆီ *
ခါးပတ်က ကျိူ းသွားတော့ ပြောင်လက်နေအောင် ပြင်ဆင်ထား
တဲ့ သူ့ခါးပတ်ကို ကျနော့်ကို ပေးပတ်တယ်။အဲ့နေ့က
ရှားရှားပါးပါး ချစ်သူများနေ့။ ပြစ်ဒဏ်ကျ ဗိုလ်လောင်းကလွဲရင်
အကုန်ထွက်ကျမည်မို့ မည်သူ့ဆီကမှ ငှားမရ
ပြီးတော့ (c) ဆောင်က ဧည့်တွေ့ဆောင်မှာ စောင့်နေမယ့်
အစ်မတစ်ယောက်ကို ကျနော်နဲ့လူကြုံပါးပေးလိုက်တဲ့
စာလေးတစ်စောင်.......

ကိုယ့်ရှေ့မှာ မပြုံးပျော်နိုင်တဲ့ အစ်မတစ်ယောက်ရဲ့မျက်နှာကို
အကဲခတ်ရင်း အကိုပေးလိုက်တဲ့ စာက
ဘာများဖြစ်နေမလဲ မအားလို့ပါလို့ပြောလိုက်ပါဆိုတဲ့ အကို့
အမှာစကား ကို ကျနော်ပါးတော့ ဖြတ်ခနဲ ပျက်သွားတဲ့ အဲ့အစ်မ
မျက်နှာ။

ကျနော်တို့သွေးမတော် သားမစပ်ပေမယ့် ဘာလို့များ
ဂါဒီယမ်တွေကို ညီအကိုရင်းလို ချစ်သလဲဆိုရင်
.............
.......
...
...
...
...
...
...
...

ဂါဒီယမ်=အထက်အောက် အုပ်ချူ ပ်မှု
လွယ်ကူစေရန် ဖွဲ့စည်းထားသော Systemတစ်ခု။
Out pass =တပ်ပြင်ထွက်ခွင့်။
Lance coporal =ဒုတိယနှစ် တွင်တပ်ဆင်ရသော
တာဝန်ကျ ဗိုလ်လောင်း အဆောင်အယောင်။

စာကြွင်း။

စနေနေ့အရိုက်ခံရသော အကို ဂါဒီယမ်၏ ပြစ်မှုမှာ
ဆံပင်မညှပ်သော ကြောင်ြ့ဖစ်ပါသည်။
အကြောင်းမှာ သူညှပ်မည့် ပိုက်ဆံအား
ကျနော့်အား ပေးညှပ်စေသောကြောင့် ဖြစ်ပါသည်။

တနင်္ဂနွေနေ့ သူ့ကောင်မလေးဆီ ထွက်မတွေ့ရသည်မှာ
ကိုယ့် ချစ်သူထက်.......
ဂါဒီယမ် ညီငယ် ကျနော့်ရဲ့မိဘနဲ့တွေ့မည်ကို
ဦးစားပေးလိုက်သောကြောင့် ဖြစ်ပါသည်။

ပုံရိပ်စစ်

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင် အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Covid-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

Covid-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သား များက အခမဲ့ပေးဝေလှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၅၀၀၀ ခုကို မြိတ်မြို့နယ်အတွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၃၀၀၀ ခုကို လှိုင်သာယာမြို့နယ်အတွင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask၂၅၀၀ ခုကို ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ပေးေ၀ လှူဒါန်းကြသည်။
    
Covid-19   ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ အိတ်များလှူဒါန်း

ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ အိတ်များ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာအတွင်း ရပ်ကွက်ချင်းဆက် လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဘိလပ်မြေ အိတ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ သုဓမ္မာကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဘိလပ်မြေအိတ် ၂၀၀ ကိုပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
    
အဆိုပါ မုရစ်ကလေးကျေးရွာအတွင်း ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၂၁၄၀ ပေရှိပြီး မိုးတွင်းအခါတွင် သွားလာရခက်ခဲသဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

 ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကု ဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် နှင့် မိတ္ထီလာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်ဆိုင်ရာတပ်နယ်အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

 စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
    
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တပ်ဆိုးကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ဆန် ၁၅ အိတ်အားလည်းကောင်း၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၄၄ အိတ်နှင့် ကြက်ဥ ၁၅၇၅ လုံးတို့ကိုလည်းကောင်း၊ သဲကုန်းမြို့နယ်၊ လှည်းဝိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၁၀ အိတ်တို့ကို လည်းကောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၊ လင်းခေးမြို့နှင့် ကျေးသီးမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် နမ့်မယ်ခုံတိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊  မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၊ ရေးမြို့နယ်၊ ခေါဇာပြည်သူ့ဆေးရုံနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ပလောက်မြို့ တို့ရှိပြည်သူ့ဆေးရုံများ၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိတိုက်နယ်ဆေးရုံ၊  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သလပ်ခွာကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း^တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
   
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုပစ္စည်းများ နှင့် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးအတွက်  Oxygen concentrator အကြီး ၁ လုံးနှင့် Oxygen Clinder  အိုး ၁၀ လုံး၊ OT Gown   ၄၀၀ ခု၊ Surgical Gloves လက်အိတ် ၅ စုံ၊ Face Shield  ၃၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၄၀ စုံနှင့် Hand Sanitizer   ၅၀ ဘူးတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်


အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်များပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့်ကျေးရွာသို့ ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၃၂၆ စုအတွက် ဆန် ၆၁ အိတ်နှင့် Mask  ၄၀၀ ခု တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
 ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၁ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၁ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၅၇ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ အားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ဆက်ကပ်လှူဒါန်းကြသည်။
   
ထို့အပြင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၈    မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နှင့် ဝန်းသိုမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နှင့် သာယာဝတီမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

Covid-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံ များအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၇

   
ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၄၇၅ ပိဿာနှင့်ဂေါ်ရခါးသီး ၁၅၅၀၀ လုံးတို့ကို ဝယ်ယူခဲ့သည်။
   
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ညောင်ရွှေမြို့နယ်နှင့်ရွာငံမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီထုပ် ၁၄၄၅ ထုပ်၊ ဂေါ်ရခါးသီး ၄၃၃၅ လုံးတို့ကို အောက်တိုဘာ ၂၅ ရက်တွင် နယ်မြေခံတပ်နယ် များမှ တစ်ဆင့်ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်များ Covid-19 ရောဂါ ဖြစ်ပွားမှုကာလအတွင်း စာရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၃ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ် ကုသမှုသီလရှင် ၂ ပါး၊ ဒေသခံပြည်သူ ၁၀ ဦး၊ အသေးစားမျက်စိခွဲစိတ်လူနာ ၄ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၆ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂၁ ဦးကို သက်ဆိုင်ရာတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
   
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
    
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ အောက်တိုဘာ - ၂၇



           တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

          အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြ သည်။

          တွေ့ဆုံပွဲများ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်း နယ်မြေလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို သတ်မှတ်နယ်မြေအလိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေး၊ နယ်မြေထိန်းသိမ်းရေးတာဝန်များထမ်းဆောင်ရာတွင် အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမည်ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေးဆောင်ရွက်မှုများကို အပြည့်အဝ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်၀ပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာနေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်ကတည်းကပင် တူညီသည့် အခြေခံစစ်ပညာများကို ဦးစွာသင်ကြားပေးခဲ့ပြီး မိမိရောက်ရှိသည့် တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် သင်တန်းများကိုပြန်လည်တက်ရောက်ကြရကြောင်း၊ ထို့ကြောင့် တပ်မတော်၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင် များကဲ့သို့ စစ်ရေးအသိ၊ စစ်ရေးသတိ၊ အတွေးအမြင်များ ရှိနေရမည်ဖြစ်ကြောင်း၊ မိမိတာဝန်နှင့် မိမိအလုပ်ကို ကျွမ်းကျင်အောင် မှန်မှန်ကန်ကန်နှင့် အမြဲတမ်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ရန်သူ၊  သဘာ၀ဘေးနှင့် ကပ်ရောဂါတို့သည် မည်သည့်အချိန်တွင် ဝင်ရောက်လာနိုင်၊ ဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆ၍ မရနိုင်သည့်အတွက် အမြဲတမ်း ပြင်ဆင်နေကြရမည်ဖြစ်ကြောင်း။

          လက်ရှိဖြစ်ပွားနေသည့် (COVID-19) ရောဂါအခြေအနေနှင့် ပတ်သက်၍ ယနေ့ နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာဦးရေ ၄၆၀၀၀ ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး        ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းကျော်၊ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွား မှုကြောင့် ကမ္ဘာနှင့်အဝန်းတွင် လူမှုစီးပွားများ ထိခိုက်လျက်ရှိကြောင်း၊ တပ်မတော်အတွင်း  ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်ကတည်းကပင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေးတွင် ဖူလုံမှုရှိပြီး ပိုလျှံသည်များကိုလည်း အခက်အခဲရှိသည့် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေ ရောင်းချပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


          ထို့ပြင် ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များအား ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ် လေ့လာ နေစေရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာပေဖတ်မှတ်ကြရမည်ဖြစ်ပြီး သိရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေကြရန်လိုကြောင်း၊ အမျိုးသားဖြစ် စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ဦး၏ စာဖတ်အားသည် ဘ၀တိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာလုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော်လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက်ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

          မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး မိမိတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များသည် မိမိတို့၏ကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက်တင်မြှောက်ရန်၊ လွှတ်တော်အတွင်း၌ ဥပဒေပြုရေး တာဝန်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိရွေးချယ်သူသည် အထက်ပါတာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဥပဒေအကြောင်းနားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့်တရား ကောင်းသူ၊ အတွေ့အကြုံပြည့်၀ပြီးပညာတတ်သူ၊ ဒေသနှင့် နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်သူ စသည့်အချက်များနှင့် ပြည့်စုံသူများကို မိမိအသဲကြားက မဲတစ်ပြားဖြင့် စဉ်းစားချင့်ချိန်ဆန္ဒပြုနိုင်ပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

          တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

          ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျီကုန်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။


          ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက်၍ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၁ ထပ် ၇ လုံး ဆောက်လုပ်ထားရှိသည့်အခြေအနေများနှင့် ထပ်မံဆောက်လုပ်ရန် ဆောင် ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

          ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့ သာသနဇောတိကမြို့မကျောင်းသို့ သွားရောက်၍ မြို့မကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဣန္ဒဝံသ နှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ  တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၆၀ အိတ်၊ ဆီ ၉၀ ပိဿာ ၊ ဆား ၃၀ ပိဿာ၊ ပဲ ၂၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများ ကိုဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများ ကို တင်ပြလျှောက်ထားသည်။ ယင်းနောက် ကျောင်းပရိဝုဏ်အတွင်း၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ဓမ္မရာမ ၄ ထပ် ကျောင်းဆောင်တော်ကြီး တည်ဆောက်ပူဇော်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုတင်ပြလျှောက်ထားခဲ့ပြီး ဒေသခံ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။