Tuesday, November 13, 2018
ယနေ့ တပ်မတော် ထောက်ခံပွဲ
Image may contain: 2 people, outdoor
တပ်မတော်အပေါ်ထောက်ခံကြောင်းနှင့် အခြားစွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း အခမ်းအနားကို ကျိုင်းတုံမြို့ မြို့မအားကစားကွင်းကြီးတွင် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက ကျင်းပခဲ့ရာ ဒေသခံတိုင်ရင်းသား ၁၀၀၀၀ ကျော်တက်ရောက်ပြီး မြို့မအားကစားကွင်းကြီးမှတစ်ဆင့် ကျိုင်းတုံ-တောင်ကြီးလမ်းအတိုင်း နောင်တုံကန်တစ်ပတ် ငြိမ်းချမ်းစွာစုဝေးလမ်းလျှောက်ခဲ့ကြသည်။
The Voice
Image may contain: 1 person, smiling, child, close-up and outdoor
တပ်မတော်အပေါ်ထောက်ခံကြောင်းနှင့် အခြားစွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း အခမ်းအနားကို ကျိုင်းတုံမြို့ မြို့မအားကစားကွင်းကြီးတွင် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက ကျင်းပခဲ့ရာ ဒေသခံတိုင်ရင်းသား ၁၀၀၀၀ ကျော်တက်ရောက်ပြီး မြို့မအားကစားကွင်းကြီးမှတစ်ဆင့် ကျိူင်းတုံ-တောင်ကြီးလမ်းအတိုင်း နောင်တုံကန်တစ်ပတ် ငြိမ်းချမ်းစွာစုဝေးလမ်းလျှောက်ခဲ့ကြသည်။ The Voice
Image may contain: one or more people, crowd and outdoor
Image may contain: 8 people, people standing and outdoor
Image may contain: 1 person, standing and outdoor
Image may contain: 8 people, people smiling, people standing and outdoor
Image may contain: 10 people, people standing and outdoor
Image may contain: 3 people
AARM 2018 ပြိုင်ပွဲဝင်မည့် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်းသားများ
AARM 2018 ပြိုင်ပွဲဝင်မည့် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်းသားများ
သားကောင်းတို့ရဲ့အိမ်ပြန်ချိန်
(Unicode Version)
အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ နိုဝင်ဘာ ၁၂
နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေအေးချမ်းရေး တာဝန်များကို အသက်ကိုပဓာနမထားဘဲ ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တပ်နယ်မှ အရာရှိ/စစ်သည်/ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူလူထုတို့မှ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။
AARM 2018 အမျိုးသမီးပစ္စတို ပြိုင်ပွဲဝင်နေပုံများ
AARM 2018 အမျိုးသမီးပစ္စတို ပြိုင်ပွဲဝင်နေပုံများ
Monday, November 12, 2018
(Unicode Version)
တယ်လီဖုန်းတိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီဝန်ထမ်း ၃ ဦးအား RCSS/SSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ ဆက်ကြေး ကောက်ခံ
နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသော Huawei Co.,Ltd. ၏ ကုမ္ပဏီခွဲဖြစ်သော DNS Co.,Ltd. မှကုမ္ပဏီဝန်ထမ်း ၃ ဦးသည် SHE 00160 BTS စခန်းတည်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအနီး၌ ဖုန်းတိုင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၅ ရက်မှ စတင်ဆောင်ရွက်လျက်ရှိ ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်နောက်ပိုင်းတွင် ဆက်သွယ်မှု မရရှိတော့သဖြင့် HuaweiCo.,Ltd.. ၏ ရှမ်းအရှေ့တာဝန်ခံက စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ညနေ ၆ နာရီ ၅ မိနစ်တွင် RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဖုန်းနံပါတ် ဝ၉-၄၉၂၇၅၅ဝ၁ ဖြင့် ကုမ္ပဏီတာဝန်ခံဆီသို့ ဖုန်းခေါ်ဆို၍ ၎င်းကုမ္ပဏီဝန်ထမ်း ၃ ဦးဖြစ်သော ဦးမြင့်ဆွေ၊ ဦးဇင်ကိုနှင့် ဦးအာဒေးချမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရှိသည့် တာဝါတိုင်အရေအတွက်အတိုင်း တစ်တိုင်လျှင် ၁ဝ သိန်းကျပ်နှုန်းဖြင့် ပေးဆောင်ရန်နှင့် တပ်မတော်စစ်ကြောင်းများနှင့် အဆက်အသွယ် မပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါဝန်ထမ်း ၃ ဦးကို နိုဝင်ဘာ ၉ ရက် ည ၇ နာရီ မိနစ် ၅ဝ တွင် ပန်မော်-မိုင် ၂ဝ ကျေးရွာအနီး၌ ပြန်လည်စေလွှတ်ခဲ့ရာ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့်တွေ့ဆုံ၍ ခေါ်ဆောင်ပြီး တပ်မတော်သားများက နယ်မြေခံတပ်ရင်း၌ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
၎င်းတို့၏ ပြောကြားချက်အရ နိုဝင်ဘာ ၅ ရက်တွင် တာဝါတိုင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ မျက်နှာဖုံးအုပ်ထားသည့် လူ ၈ ဦးရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင် သွားကြောင်း၊ ညနေ ၆ နာရီခန့်တွင် လက်နက်ကိုယ်စီဖြင့် လူ ၄ ဦး ထပ်မံရောက်ရှိလာပြီး ၃ နာရီခန့်အကြာ လမ်းလျှောက်၍ တောင်စောင်းတွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် တောလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် လူ ၁ဝ ဦးနှင့် လက်နက် ၁ဝ လက်ပါဝင်သော အဖွဲ့အသစ်တစ်ဖွဲ့က လဲလှယ်ခေါ်ဆောင်သွားကြောင်း၊ နိုဝင်ဘာ ၉ ရက်တွင် အဖွဲ့ခေါင်းဆောင်က ရှမ်းဘာသာစကားဖြင့် ဖုန်းဆက်နေသည်ကို တွေ့ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် မိုင်းပျဉ်း-တောင်ကြီးကားလမ်းအနီး၌ ၎င်းတို့ ၃ ဦးအားထိုင်ခိုင်း၍ ကြိုးဖြည်ပေးပြီး တစ်ဦးချင်းအား ဓာတ်ပုံရိုက်ကာ ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
Sunday, November 11, 2018
AARM 2018 ပြိုင်ပွဲများ စတင်
AARM 2018 ပြိုင်ပွဲများ စတင်
Saturday, November 10, 2018
.
စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၀) စတုတ္ထနှစ်များ၏ 
လက်နက်ကြီးပစ်ကူယူသော တပ်ခွဲတိုက်စစ် လေ့ကျင့်ခန်း(အောင်စစ်သည်)အားလက်တွေ့ လေ့ကျင့်မှု
.
Crd , စစ်တက္ကသိုလ် သတင်းစဉ်
Thursday, November 8, 2018
၈-၁၁-၂၀၁၈
စိုင်းပန်
Image may contain: one or more people and ring
ကျောက်မဲမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး တစ်လုံးတွေ့ရှိ
၈-၁၁-၂၀၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ် ၊ ရပ်ကွက် (၉) ၊တောင်နောက်ကျေးရွာ လယ်တော တစ်ခုတွင် SSPP/SSA အဖွဲ့ သုံးသည့် ရွာအတွင်း သို့ ပစ်ခတ်ခဲ့သော လက် ပစ်ဗုံး တစ်လုံး အား ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့ကြောင်း သတင်းကြားသိရသည်။ တောင် နောက် ကျေးရွာနေ ဒေသခံတစ်ဦးမှ “ ကျွန်တော်တို့ ရွာအဝင် လယ်တောနားကနေ လက်ပစ်ဗုံး တစ်လုံးတွေ့တာပါ ၊ သုံးတာတော့ SSPP/SSA ကလို့ ပြောနေကြတယ် ၊ ရွာထဲ ကို ဘာရည်ရွယ်ချက်နဲ့ပစ်ဖို့ ကြံလည်းတော့ မသိဘူး ၊ အခုကလဲ သူတို့ လုပ်ဖို့ ပြင်နေရင်း က ထွက်ပြေးသွားတဲ့ ပုံစံပဲ”လို့ ပြောဆိုခဲ့ပါသည်။ ပွင့်လင်းရာသီ သို့ ရောက်ရှိ လာပြီး ဖြစ်သည့် နှင့် အညီ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်လာနိုင်သည် ဖြစ်ရာ ဒေသခံများ သတိထား သွားလာကြရန် လိုအပ်ကြောင်း အသိပေးနိူးဆော်အပ်ပါသည်။
စိုင်းပန်
No automatic alt text available.
Wednesday, November 7, 2018
ရခိုင်ပြည် အနောက်တံခါးအရေး အမေရိကန်ဂျာနယ်လစ်တစ်ဦး ဖော်ထုတ်သည့် 'ဖုံးကွယ်ခံအမှန်တရားကို ဖော်ထုတ်ခြင်း' ဟောပြောပွဲအခမ်းအနား ကျင်းပ
ရခိုင်ပြည် အနောက်တံခါးအရေး အမေရိကန်ဂျာနယ်လစ်တစ်ဦး ဖော်ထုတ်သည့် 'ဖုံးကွယ်ခံအမှန်တရားကို ဖော်ထုတ်ခြင်း' ဟောပြောပွဲအခမ်းအနား ကျင်းပ
(ရခိုင်အရေးအမှန်တရားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဖော်ထုတ်သင့်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဖွင့်ဟခဲ့)
နိုင်ငံတကာဖိအားများစွာ ရင်ဆိုင်နေရဆဲ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသား စာနယ်ဇင်းသမားတစ်ဦးက ဖွင့်ဟဖော်ထုတ်တဲ့ "အနောက်တံခါး၏ ဖုံးကွယ် ခံအမှန်တရားကို ဖော်ထုတ်ခြင်း" ဆွေးနွေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမမှာ ၂ဝ၁၈ ခု၊ နိုဝင်ဘာလ ၇ ရက်၊ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးဟောပြောပွဲကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည်နယ်ထဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ အမေရိကန်ဂျာနယ်လစ် မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် (Rick Heizman) က ရခိုင်အရေး ဆွေးနွေး တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် ၁ နာရီမှာစတင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်မိတ်ဆက်စကား ပြောကြားခဲ့ရာမှာ မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် ဟာ အမေရိကန်နိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းရင်းသားရိုးရာ ဂီတအနုပညာရှင်တစ်ဦးဖြစ်ကြောင်း၊ သူဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဂီတအနုပညာတွေကို လေ့လာဖို့အတွက် ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ကိုတော့ ၁၉၉၆ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတွေကို လေ့လာရင်း ဘင်္ဂါလီ-ရ ခိုင်ပြဿနာတွေကို သိရှိတွေ့မြင်လာခဲ့ရကြောင်း၊ ဒီအတွက် ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အထင်အမြင်လွဲမှားမှု၊ သတင်းအမှားတွေကို ဖြေရှင်းတုံ့ပြန် နိုင်ရေးအတွက် မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် အနေနဲ့ အနောက်တံခါး၏ ဖုံးကွယ်ခံအမှန်တရားကို ဖော်ထုတ်ခြင်းအခမ်းအနားမှာ ပါဝင်ဟောပြောခြင်းဖြစ်ကြောင်း မိတ်ဆက်ပြောကြားပါတယ်။
ဟောပြောပွဲအခမ်းအနားမှာ ရခိုင်လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုနောက်ခံ၊ ဘာသာတရားကိုးကွယ်ကိုင်းရှိုင်းမှု သမိုင်းနောက်ခံတွေကို သူရှာဖွေလေ့လာ ထားသမျှ ဗီဒီယိုမှတ်တမ်း၊ သတင်းမှတ်တမ်းများနဲ့ မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် က ဖော်ထုတ်တင်ပြခဲ့သလို ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရပြီးနောက် ဒေသခံရခိုင်ပြည်သူတွေရဲ့ အကြောက်တရားနဲ့ ဒုက္ခတွေကိုလည်း မိမိရရ မှတ်တမ်းတင် ဖော်ထုတ်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ၂ဝ၁၆ ခု၊ အောက်တိုဘာ ၉ ရက်၊ မောင်တောနယ်ခြားစောင့်တပ်စခန်းတွေ ဝင်စီးခံခဲ့ရခြင်းနဲ့ ၂ဝ၁၇ ခု၊ အောက်တိုဘာ ၂၅ ရက်၊ ရခိုင်ပြည်မြောက်ပိုင်းက တပ်စခန်းပေါင်း ၃ဝ ကျော် အကြမ်းဖက်ခံခဲ့ရမှုများနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူတွေနစ်နာခဲ့ရမှုအကြောင်းတွေကိုလည်း မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် က အင်တာဗျူးတွေ၊ သက်သေမှတ်တမ်းတွေနဲ့ ဖော်ထုတ်ခဲ့ပြီး ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ဗီဒီယိုဖိုင်တွေလည်း စုဆောင်းတင်ပြခဲ့ပါတယ်။
အခမ်းအနားမှာ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဖြည့်စွက်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ရခိုင်-ဘင်္ဂါလီအရေးဟာ ရခိုင်တိုင်းရင်းသားတွေနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့အရေး ကိစ္စတစ်ခုဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ပတ်သက်လာရင် အမှန်ကို အမှန်တိုင်း ပြောရဲဆိုရဲရမှာဖြစ်ကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြဿနာနဲ့ပတ်သက်လို့ ကမ္ဘာကြီးက အမှန်တိုင်းသိရှိလာဖို့အရေး ဖုံးကွယ်နေတဲ့ အမှန်တရားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဖော်ထုတ်သွားဖို့လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒီနေသစ် (ရိုးရာလေး)
Tuesday, November 6, 2018
(၆၃) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏
(၆၃) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အား 
ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏
Image may contain: nature and outdoor