Wednesday, July 28, 2021

သိန်းထိုက်သို့ပေးစာ

 မကွီအိမ်နူးစခန်းက ဗက သိန်းထိုက်နဲ့ အမေးအဖြေလေးနားထောင်လိုက်ရတယ်
ဪ ဒီအရာရှိ တော်တော်ကို စိတ်ဓာတ်မကောင်းပါလားဆိုတာကို သိလိုက်ရတယ်။
CDM လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး၊ နောက်ကနေ ထောက်ပံ့မပေးလို့၊ လုပ်လိုက်ရတယ်ဆိုတဲ့
သဘောတွေပါနေတယ် .......။

သူဖြေထားတာလည်းကြည့်ဦးလေ အထက်ကိုပြောထားတာ ၃ လလောက်ရှိပြီတဲ့၊ နောက်ကနေ ဘာမှ မလုပ်ပေးလို့
ပြည်သူတွေနဲ့ ပူးပေါင်းလိုက်တယ်ဆိုကတည်းက စဉ်းစားသာကြည့်ပေါ့။

ဒီကောင်လေး လုပ်ရပ်ကိုက ဘာနဲ့ သွားတူလည်းဆိုတော့ တစ်ခါကကြည့်ဖူးတဲ့
ဟောင်ကောင် ဇတ်ကားလေးလိုပဲ ........
သူ့လူမျိုးကို သစ္စာဖောက်ပြီး ဗြိတိသျကို ကူညီခဲ့တယ်
နောက်ဆုံးကြတော့ ပြောသွားတဲ့ စကားလေးက ကောင်းတယ်
ကိုယ့်လူမျိုးကိုတောင် သစ္စာမရှိတာ သူတို့အပေါ်မှာရော သစ္စာရှိပါ့မလားတဲ့ ......

သိန်းထိုက်ဆိုတဲ့ကောင်လေး
မင်းကိုရော သူတို့ ယုံမယ်ထင်လား
ဟိုအဖွဲ့ကိုရော မင်းက အတိအကျ ယုံကြည်မှုရှိလား ......
Good Luck ပါ ချာတိတ်ရေ .......



 

Thursday, July 22, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၂၂

 
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် တာဝန်ရှိ သူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အဖွဲ့ဝင်များ၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်း အဝေးသို့ တက်ရောက်လာကြသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း များ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေး နွေးကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး များရောက်ရှိ

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး များရောက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများအား ဆက်လက်ထိုးနှံပေးသွားမည်

ရန်ကုန် ဇူလိုင် ၂၂



တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများ ယနေ့ ည ၆ နာရီ မိနစ် ၄၀ တွင် ပေကျင်း- ရန်ကုန်ပြေးဆွဲသည့် Air-China CA-589 လေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ ဆေးသုတေသနဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။



ယနေ့ ရောက်ရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများသည် ဆေးပုလင်းအရေအတွက် ၃၆၈၀၀၀ နှင့် ဆေးထိုးအပ် ၅၄၄၀၀၀ တို့ပါဝင်ပြီး ဆေးတစ်ပုလင်းလျင် လူနှစ်ဦးနှုန်းဖြစ်သည့်အတွက် လူဦးရေ ၇၃၆၀၀၀ ကို ထိုးနှံပေးနိုင် ကြောင်း၊ အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ထား သည့်အတိုင်း မြန်မာနိုင်ငံရှိ ဦးတည်လူအုပ်စုများအတွက် ဦးစားပေး အစီအစဉ်ဖြင့် ပြည်သူလူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက် ဟန့်တားထိန်းချုပ်ရန်လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်)အား ၂၆-၇-၂၀၂၁ ရက်နေ့ မှ

၈-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။


Wednesday, July 21, 2021

အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း ၆၇ လုံးအား သွားရောက်လှူဒါန်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်မှ တပ်မတော်သားများက ယနေ့တွင် တောင်ငူမြို့ တပ်မတော်ဆေးရုံသို့ အောက်ဆီဂျင်အိုး ၇ လုံး၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ သွေးအလှူရှင်ပရဟိတအသင်းသို့ အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း ၆၇ လုံးအား သွားရောက်လှူဒါန်းခဲ့ကြသည်။

 




Tuesday, July 20, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဗမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး ၄၇ လုံးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၅ လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်း ကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာအတွက် အောက်ဆီဂျင်အိုး ၃၀ လုံး၊ လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀) သို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ လားရှိုးမြို့ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၀ လုံး၊ သိန်းနီမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ Oxygen Regulator ၁ စုံ၊ Oxygen ပိုက် ၂ ချောင်း၊ PPE ဝတ်စုံ ၇၀ စုံ၊ PPE Level-2 ဝတ်စုံ ၅၀ စုံ၊ Mask ၄၈၀၀ ခု၊ အရပ်ပြန် ၆၀ ဘူး၊ ရေမလိုလက်သန့်ဆေးရည် ၇၂ ဘူး၊ ပိုးသတ်ဆေးရည် ၄၀ ဘူး၊ လက်အိတ် ၁၀၀ စုံ၊ ခေါင်းစွပ် ၂၀၀ ခု၊ ဆေးဝါးများ နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် Corner Stone ကုမ္ပဏီတို့က လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံနှင့် Oxygen Plant နေရာများသို့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဆိပ်ကြိီးခနောင်တိုမြို့နယ်တို့ရှိ ပြည်သူ့ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၇၅ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ သာပေါင်းမြို့နှင့် ဖျာပုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက် အောက်ဆီဂျင်အိုး ၆၉ လုံးနှင့် ၁၀ လီတာ အောက်ဆီဂျင်စက် ၁ လုံးတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်း များကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၇၀၇ လုံး၊ အောက်ဆီဂျင် Concentrator ၅၀ လုံး၊ Finger Tit ၉၆ ခု၊ Mask သိန်း ၇၀ ခုနှင့် တရုတ်တိုင်းရင်းဆေး ၁၁၂၀၀၀ ဘူးတို့ကို မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ၃၀ လုံးတို့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား (တာချီလိတ်မြို့)သို့ လည်းကောင်း၊ ကျန်းမာရေးဦးစီး ဌာနနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၂၉ တန်၊ ၆၀ လီတာအိုး ၆၅ လုံး၊ ၄၀ လီတာအိုး ၅၈၅ လုံး ၊ ၁၅ လီတာအိုး ၃၅ လုံး၊ ၁၀ လီတာအိုး ၆ လုံး၊ ၅ လီတာအိုး ၄ လုံးတို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီမြို့သို့လည်းကောင်း အသီးသီး ရောက်ရှိလာကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက လက်ခံရယူကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် (၁၃)လုံးရှာဖွေတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် (၁၃)လုံးရှာဖွေတွေ့ရှိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအား ဇူလိုင်လ(၁၇)ရက်နေ့၊ မွန်းတည့်(၁၂း၁၅)အချိန်က ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်စစ်ဆေးရာတွင် ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ သားဖွားခန်း၊ ခွဲစိတ်လူနာဆောင်၊ ဖျားနာလူနာဆောင်နှင့် မျက်စိ၊ အရိုး၊ အကြော ကုသဆောင်အခန်းများနှင့် စတိုခန်းများအတွင်း သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့(၂၈)လုံး၊ ၂၀ လီတာဆံ့(၁)လုံး၊ ၁၅ လီတာဆံ့ (၆)လုံး၊ စုစုပေါင်းအောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် ( Oxygen Concentrator ) (၁၃)လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသည် ဖေဖော်ဝါရီလ(၁)ရက်နေ့ စတင်၍ ပိတ်ထားရာ ဧပြီလ တတိယပတ်တွင် ပြင်ပလူနာကုသရေး အဆောင်အား ဖွင့်လှစ်ပြီး မြို့မိမြို့ဖများ၏ အကူအညီတောင်းခံမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့မှ တာဝန်ယူ၍ ပြင်ပလူနာများအား ကျန်းမာရေး စောင့်ရှောက်မှူပေးလျှက်ရှိပြီး CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအတွင်း သတင်းအရအဖွဲ့ဖြင့် အခန်းများအား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ဖော်ပြပါ အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုးစက်များကို တွေ့ရှိခဲ့သဖြင့် COVID-19 ရောဂါ ကူးစက်ခံရသည့်လူနာများအား ၎င်းအောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုး စက်များဖြင့် အဆင်ပြေစွာကုသပေး လျှက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသရာတွင်အသုံးပြုရန် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်း နေပြည်တော်သို့ရောက်ရှိ

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသရာတွင်အသုံးပြုရန် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်း နေပြည်တော်သို့ရောက်ရှိ
နေပြည်တော် ဇူလိုင် ၂၀




ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင်အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd(NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်းသည် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် နေပြည်တော်လေဆိပ်သို့ ယနေ့ညပိုင်းတွင် ရောက်ရှိသည်။
အဆိုပါ Remdesivir ကုသဆေးများကို နေပြည်တော်လေဆိပ်၌ National Strategic Investment Corporation Co.Ltd မှ အထွေထွေမန်နေဂျာက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူခဲ့သည်။


ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါအား Remdesivir ဆေး ဖြင့် ကုသရာတွင် အထိရောက်ဆုံးနှင့် လူသေဆုံးမှုနှုန်းကို လျော့ချနိုင်မှု အရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ Remdesivir ကုသဆေးကို အမေရိကန်နိုင်ငံ Gileat Sciences, Inc မှ တီထွင်ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ FDA ထောက်ခံချက်ရရှိခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထို့ပြင် Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန်အတွက် Gileat Sciences, Inc က ထုတ်လုပ်မှုလိုင်စင်ကို အိန္ဒိယနိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.Ltd အနေဖြင့် မြန်မာကျပ်ငွေ ၃ ဘီလီယံတန်ဖိုးခန့်ရှိ ဆေးအလုံးပေါင်း ၃ သောင်းအား အိန္ဒိယနိုင်ငံမှ မှာယူ၍ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ မှတစ်ဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


Monday, July 19, 2021

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၉


ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွား မှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ယနေ့တွင် အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီမှ အသိပေးပန်ကြားချက်များကို တိကျလိုက်နာရန်စသည့် အသိပေးနှိုးဆော်မှု များကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၁၉


လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူ ဒါန်းပေးလျက်ရှိသည်။

ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၃၀၇၂ လုံး၊ Mask ၃၁၈၃၆၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၄၄၀ စုံ၊ Hand Gel ၅၅၇ ဘူး၊ Face Shield ၂၀၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၁၂၀၀ ခု၊ ခေါင်းစွပ် ၉၀၀ ခု၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

 တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၉


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုးအလုံး ၄၀ လုံး တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး၊ မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ၊ နမ့်လန်ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် သီပေါမြို့ပြည်သူ့ဆေးရုံ များသို့ အောက်ဆီဂျင်အိုး ၅၅ လုံးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် Corner Stone ကုမ္ပဏီမှ တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀)နှင့် လပွတ္တာမြို့၊ (၃)မိုင်မြို့သစ်ရှိ (ခုတင်-၂၀၀)ဆေးရုံကြီးသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက အောက်ဆီဂျင်အိုး ၈၆ လုံးအား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၅ လုံး၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၆၀ လုံး၊ သံတွဲမြို့ ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ဂွမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၁၀ လုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၄၀ လုံး ကိုလည်းကောင်း အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြသည်။



ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ အောက်ဆီဂျင်စက်နေရာချထားမှုနှင့် စက်တပ်ဆင်နေမှုများနှင့် Corner Stone ကုမ္ပဏီပိုင် စက်မှုသုံးအောက်ဆီဂျင်စက်ရုံအစား ကျန်းမာရေးသုံးအောက်ဆီဂျင်စက်ရုံ အဖြစ် ပြောင်းလဲပြုပြင်တပ်ဆင်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းအပြင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ အောက်ဆီဂျင် စက်ရုံမှ (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းနှင့် ဇူလိုင် ၉ ရက်မှယနေ့အထိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ အောက်ဆီဂျင်စက်ရုံမှ (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၅၈၅ လုံး၊ (၁၅)လီတာ ဆန့် အောက်ဆီဂျင်အိုး ၆၇ လုံးတို့ကို တပ်မတော်ဆေးရုံများ၊ သန်လျင်၊ ဒလ၊ တွံတေး၊ ခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ၊ အခြားလူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်း များကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၉၉၅ လုံး၊ ၂၀ လီတာ ၂၀၀ လုံး၊ ၁၅ လီတာ ၁၅၀ လုံး၊ ၁၀ လီတာ ၃၀၀ လုံးနှင့် အောက်ဆီဂျင် Regulator ၇ စုံတို့သည့် ချင်းရွှေဟော် မြို့ရှိ နယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီမှ တင်သွင်းသော အောက်ဆီဂျင်စက် ၂ လုံးနှင့် ဆေးရုံသုံပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် ၂ စီးသည် လားရှိုးမြို့၊ မြို့တော်ခန်းမသို့လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၅၇ တန်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ လည်းကောင်း အသီးသီးရောက်ရှိလာကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။




လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်
နေပြည်တော်၊ ဇူလိုင်- ၁၉


 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသည့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ယနေ့ နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်၌ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာ့ဝန် ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ထို့နောက် တိုင်းမှူးက စေတနာ့ဝန်ထမ်းများအတွက် PPE Level-2 ၂၀၀ စုံ၊ ခေါင်းစွပ် ၂၀၀ ခု၊ ဆန် ၆၀ အိတ်၊ ဆီ ၆၀ ပိဿာ၊ ကုလားပဲ ၁၈၀ ပိဿာ၊ ကြက်သွန်နီ ၁၈၀ ပိဿာ၊ ငါးသေတ္တာ ၃၀၀ ဗူးနှင့် သွားတိုက်ဆေး၊ သွားတိုက်တံ ၆၀ စုံ တို့အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အောက်ဆီဂျင်အိုး ၄၀ လုံးအား သွားရောက်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ အထောက်အကူဖြစ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ပြည်သူ့ဆေးရုံသို့ နယ်မြေခံတပ်မတော်သားများက ယနေ့တွင် အောက်ဆီဂျင်အိုး ၄၀ လုံးအား  သွားရောက်လှူဒါန်းပေးခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၁၉