Monday, November 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်)


၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအစည်းအဝေးအပါအဝင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့်အစည်းအဝေးများမှ ပြည်ထောင်စု
သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၃ ပိုင်း၊ သဘောတူညီချက်စုစုပေါင်း
၅၄ ချက်ရရှိခဲ့ပါသည်။ ၎င်းသဘောတူညီချက်များနှင့်ကျန်ရှိသည့်ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ်ပါအချက်များအား ဆက်လက်ဆွေးနွေးရန်ဖြစ်သော်လည်း
COVID-19 ကပ်ရောဂါဖြစ်ပွားခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ဆောင်ရွက်လျက်ရှိခြင်းများကြောင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများအား ဆက်လက်ဆောင်ရွက်ရန် အခိုက်အတန့်အားဖြင့် ရပ်ဆိုင်းသကဲ့သို့
ဖြစ်ခဲ့သည်။

၂။ ယခုအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ခြင်း၊ COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍
အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း၊ နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး
အောင်မြင်ပြီးဆုံးသည်အထိဆောင်ရွက်ရန်မှာလည်း မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်း
စဉ်ဖြစ်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင်
လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် ဆက်လက်
ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
များအား အမြန်ဆုံးဆက်လက်ဆွေးနွေးရန် လိုအပ်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေးအောင်မြင်
ပြီးဆုံးသည်အထိလိုအပ်၍ တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန်ရှိလာပါက ဆက်လက်
ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား အောက်ပါ
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
( က ) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ
( ခ ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် အဖွဲ့ဝင်
( ဂ ) ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း အဖွဲ့ဝင်
( ဃ ) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် အဖွဲ့ဝင်
( င ) ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အတွင်းရေးမှူး
၄။ ၎င်းတပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေး
ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်
ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရ
ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန်ဖြစ်
ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Sunday, November 8, 2020

ချီးစားပြောတောင် ချီးကြိုက်လို့ပဲ ထင်တယ် .....။

 တပ်မ ၈၈ က NLD ကို မဲပေးတယ်ဆိုပြီး သတင်းတစ်ပုဒ်တက်လာတယ်
ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ တပ်မဌာနချုပ်က ပြည်သူတွေနဲ့ အတူ တပ်မိသားစုအားလုံး မဲပေးတာ .......
သိင်္ဂါဂီရိ ရပ်ကွက် မဲရုံ အမှတ် ၄ မှာ အင်အား ၄၀၀ ကျော်နဲ့ မဲပေးတယ်။

တခြားပြည်သူတွေနဲ့ အားလုံးပေါင်းရင် ၁၃၀၀ ကျော်လောက်ရှိတယ်။
ဒီမဲရုံမှာ တပ်မဌာနချုပ်က တပ်မိသားစုဝင် ၄၀၀ ကျော်ကလည်း မဲပေးတယ်။
ဒီတော့ တပ်မိသားစုဝင် အားလုံး NLD ကို မဲမပေးဘဲ တခြား ပါတီပေးခဲ့ရင်တောင်မှ
ဒီမဲ ရုံမှာ NLD နိုင်လိမ့်မယ်။

သို့ပေမယ် လက်ရှိ လူမှုကွန်ယက်မှာ ပြန့်နေတာက တပ်မဌာနချုပ်က မဲပေးလို့
နိုင်ပါတယ်ဆိုပြီး တပ်ကို စွဲထည့်လာတယ်။
ကုန်ကုန်ပြောရရင် တပ်ကို ချနင်းလာတယ်။

ထားတော့ ခင်ဗျားတို့ စဉ်းစားဖို့ ကျုပ်ပြောပြမယ်။
တပ်မ ၈၈ ဆိုတာ တကယ့်  Fighter တပ်မ ဗျ .......
စစ်ဆင်ရေး ဂွင်မှာ နာမည်ကြီးတဲ့ တပ်မ .....
ဒီတပ်မက မိသားစုဝင်တွေဟာလည်း
စစ်သားတစ်ယောက်လုံး ခံစားချက်ရှိတယ် .......။

စဉ်းစားဖို့ တစ်ခုပြောပြရရင်
ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲအလီလီ ဆင်နွှဲလာခဲ့တဲ့ တပ်မ.......
ရှေ့တန်းစစ်မြေပြင်မှာ ပေးဆပ်ခဲ့တဲ့ ညီအစ်ကိုတွေကို
အမြဲအောက့်မေ့နေတဲ့ တပ်မ .......

တစ်ခုပဲပြောပြမယ်.......
သူပုန်သေလို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့တဲ့ ပါတီကို
ဒီလို တပ်မကြီးက မဲပေးမတဲ့လား .......
ထွီ .....
ချီးစားပြောတောင် ချီးကြိုက်လို့ပဲ ထင်တယ် .....။

ME™

Saturday, November 7, 2020

"ရဲဘော်ရဲဘက်တွေနဲ့အတူတကွ မဲပေးချင်လို့"

 တပ်ချုပ်ကြီး ဘယ်ပါတီကို မဲပေးခဲ့တာလဲ?
ဘာလို့ ဒီနေ့မှ  "မဲ"ပေးတာလဲ?

အမျိုးဘာသာသာသနာကို အလေးထားတဲ့ပါတီ၊
ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီ၊
တပ်မတော်နဲ့လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို
မဲပေးခဲ့တာလို့  မီဒီယာတွေကို ဖြေခဲ့တယ်။

ကိုဗစ်ကာလလည်းဖြစ်နေတယ်။
အသက်(၆၀)ကျော်ရင် ကြိုတင်မဲပေးခွင့်ရှိတာကို
ဘာလို့ ရွေးကောက်ပွဲနေ့မှ မဲပေးတာလဲလို့ မီဒီယာတွေက မေးတဲ့အခါ
"ရဲဘော်ရဲဘက်တွေနဲ့အတူတကွ မဲပေးချင်လို့"
ဒီနေ့မှ မဲပေးခဲ့တာလို့  ဖြေခဲ့တယ်။

Credit-

 

 


Thursday, November 5, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှု ကောက်နှတ်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှု ကောက်နှတ်ချက်

“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင် ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲ့ဒါ ကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထား တဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကို ကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တစ်ကယ်ကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ်  မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်းကြောင်းကြောင့် အဲ့ဒီနေ့မှာ မိုးတွေရွာလာမယ်။ လေတွေ တိုက်လာမယ်။ ဒါတွေဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေမှာ သွားရေးလာရေးတွေ အခက်အခဲဖြစ်လာမယ် ဆိုလို့ရှိရင်လည်း တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို။တစ်ဖက်ကလည်း မဲပေးတဲ့သူတွေရော မဲပေးဖို့ အချိန်ရတဲ့သူတွေကရော သဘာဝဘေး အန္တရာယ်ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေက တစ်နေရာထဲမှာရှိတာမဟုတ်ဘူး နေရာအနှံ့အပြားကနေ စုလာမယ့် လူတွေရှိတယ်။

ဥပမာအားဖြင့် မဲရုံ တစ်ရုံတည်းမှာ တစ်ခြားနေရာကနေ လာပြီးတော့ မဲပေးရမယ့် လူတွေရှိတယ်၊ အဲ့ဒီ မဲပေးရမယ့်လူတွေက လမ်းမှာ လမ်းမကောင်းတာတို့ တံတားတွေ မကောင်းလို့တို့ မဲရုံကို အချိန်မီမရောက်နိုင်လို့ မဲပေးခွင့် ဆုံးရှုံးသွားမယ့်ဟာမျိုး မဖြစ်ဖို့လို တယ်။ ဒီလိုလုပ်တာအခါမှာ သူတို့ လုံလုံခြုံခြုံ ချောချောမွေ့မွေ့နဲ့ မဲလာပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကူညီပေးပါလို့ ပြောလိုတယ်။ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင် ထားဖို့ပေါ့။ နောက်တစ်ခုကလည်း မဲပေးတဲ့အချိန်က ကာလအချိန် အကြာကြီး ပေးရမှာ ဖြစ်တယ်။ ပထမဆုံး မဲပေးတဲ့လူကနေ နောက်ဆုံးမဲပေးတဲ့လူအထိပေါ့။ အချိန်က ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့တော့မရဘူး။ အဲဒီအချိန်မှာ မဲပေးတဲ့လူတွေက ရေဆာတာတို့ ဗိုက်ဆာတာတို့ ဒါတွေလည်းဖြစ်နိုင်တယ်။ ဒါတွေလည်း သတ်မှတ်ထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ မဲရုံရဲ့ ပြင်ပ သတ်မှတ်ထား တဲ့ နေရာကနေပြီးတော့ သူတို့စားနိုင်ဖို့ သောက်နိုင်ဖို့အတွက် ဒါလေးတွေလည်း ကူညီ ပေးဖို့ ပြောလိုတယ်။ တစ်ချို့ဆို ခပ်ဝေးဝေး ခပ်လှမ်းလှမ်းက လာရမှာတွေရှိတယ်။ ဒါကြောင့် ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သလိုပဲ နေပူတဲ့အချိန်လည်း ဖြစ်ချင် ဖြစ်မယ် ပြောလို့တော့မရဘူး။ တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီ မဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့် အကွာအဝေးမှာ သူတို့ ဘယ်လောက် ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ရေသောက်ဖို့တို့ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီ ပေးဖို့မှာလိုတယ်။

 နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့ အဆုံး အဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ အချိန်ကာလကြာကြာ ကတည်းကနေပြီးတော့ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနှင့်ပတ်သက်ပြီး မသမာမှုလုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ် စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့ နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့တင်ပြချက်တွေကြောင့် သိနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲထည့်မှာ ပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ကိစ္စတွေဖြစ်တယ်။  ကြိုတင်မဲပေးတဲ့ကိစ္စ တွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက်ကြောင့် တစ်ကယ်မဲပေးတဲ့နေ့ကျလို့ရှိရင် လည်း အကြောင်း အမျိုးမျိုးကြောင့် အားနည်းချက်ဖြစ်လာလို့ရှိရင်လည်း    ချောချော မွေ့မွေ့နဲ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်။ ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့ အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်။”

Wednesday, November 4, 2020

ဒါဟာ ၂၀၁၅ ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုချက်ပါပဲ ......။

ဒါဟာ ၂၀၁၅ ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုချက်ပါပဲ ......။

ခင်ဗျားတို့ သိဖို့က တပ်မတော်ဆိုတာ အခုတစ်မျိုး တော်ကြာတစ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ပြောတဲ့ စကားကို အမြဲတည်တံစေတယ် ........။
 

ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို သိဖိုလိုအပ်တယ်

ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို သိဖိုလိုအပ်တယ်

 

 ဒီနေ့ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲကြည့်လိုက်ရတယ်။ အထူးသတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ တပ်ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ပြန်လည်ဖောင်းထုခြင်းအနုပညာပွဲလို့ အမည်ပေးနိုင်တာပေါ့လေ။ အမျိုးသားရင်ကြားစေ့ရေးအတွက် သိပ်ကိုအရေးပါတဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။
တပ်က ဝန်ထမ်းအဖွဲ့အစည်းမို့ နိုင်ငံရေးမှာ ဝင်ပါခြင်းဟာ ခြေဥနဲ့ မကိုက်ဘူးလို့ ဆိုတာလဲ ကြားမိရဲ့။
ခြေဥနဲ့ကိုင်ပြောတော့ ကိုယ်လဲ ခြေဥနဲ့ပဲ ကိုင်ပြောကြည့်ချင်တယ်။
ပုဒ်မ ၂၀ (င) အရဆိုရင် တို့တာဝန်အရေးသုံးပါးကို ကာကွယ်၊စောင့်ရှောက်ဖို့ တပ်မတော်က အဓိက တာဝန်ရှိတယ်လို့ ဆိုတယ်။ လက်ရှိအခင်းအကျင်းက တို့တာဝန်အရေးသုံးပါးကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်တယ်။
 ဒါ့ကြောင့်ကာကွယ်စောင့်ရှောက်တာပါလို့ ဖြေရင် ဘယ်လိုပြန်ပြောမလဲ သိချင်ရဲ့။
၂၀ (စ) အရတော့ အများသိတဲ့ ခြေဥကို တပ်မတော်က ကာကွယ်စောင့်ရှောက်ရမယ်တဲ့။
 အပေါ်က စာထက်ပိုလေးနက်တယ်မဟုတ်ဘူးလား။ ဒါဆိုတာဝန်ရှိတာ ပုံပေါ်မယ်ထင်ပါရဲ့။
၂၆ (က) အရ ဝန်ထမ်းဟာ ပါတီနိုင်ငံရေးကင်းရှင်းရမည်လို့ပါတယ်။
တပ်ကအခု ရွေးကော်ကို ကြေညာချက်ထုတ်တာဟာ ပါတီနိုင်ငံရေးလား။ ဘယ်ပါတီကို မဲပေးပါ။
ဘယ်ပါတီကို မဲမပေးပါနဲ့လို့ ပါနေလို့လား။ ရွေးကော်ကို ဘယ်သူကမှ ကြေညာချက်မထုတ်ရ၊ မကန့်ကွက်ရလို့ ခြေဥမှာများ ထည့်ပြထားသလား။ ပုဒ်မ ၂၀( င ) ပါ ကာကွယ်စောင့်ရှောက်ရန်ဆိုသည့်စကားရပ်ကို အထောက်အထားပြု၍
 ထုတ်ပြန်သည်လို့ တပ်ကပြန်ပြောရင် ဘယ်လိုဖြေမလဲ။ ပိုပြီးတိကျတဲ့ပုဒ်မ ရှိသေးတယ်။
အဲဒါက ပုဒ်မ ၄၀( ခ) နဲ့ (ဂ) ။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ရယူဖို့ သောင်းကျန်းထကြွတာ၊
 ကြိုးပမ်းဆောင်ရွက်တာတွေကြောင့် တို့တာဝန်အရေးသုံးပါးကို ထိပါးမယ်ထင်ရင် တပ်ချုပ်က ခြေဥနဲ့အညီ နိုင်ငံ့အာဏာကို ရယူသုံးစွဲနိုင်တယ်တဲ့။ ကိုင်း။ ဒီအချက်တွေအရ တပ်က ပြောကြားခွင့်၊ ကြေညာချက်ထုတ်ခွင့်ဆိုတာကို ရှိ၊ မရှိ။
 ဥပဒေကြောင်းအရ ညီ၊ မညီ မြင်သာပြီထင်ပါရဲ့။ တပ်ချုပ်ပြောကြားချက်နဲ့ ကြေညာချက်တွေထဲမှာ ပါတီတစ်ခုခုကို ထိပါးတာ၊ အားပေး၊အားမြှောက်ပြုတာတွေ မပါခြင်းက ပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးလို့ မြင်သာမယ် ထင်ပါရဲ့။
 ဒါကိုမှ မရဘူးလို့ ဖင်ပိတ်ငြင်းနေသေးရင် ပုဒ်မ ၃၅၄ (က) ကို ပြန်ဖတ်။
မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသား ဖြန့်ဝေနိုင်တယ်တဲ့။
 နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးကို သုံးသွားတာမဟုတ်ဘူးလား။
 ဒါတွေက ကိုယ်တွေလို ဘာမှမဟုတ်တဲ့ သူတောင် ထ ပြောနိုင်တဲ့အနေအထား။ ဥပဒေတတ်ကျွမ်းသူဆိုရင် ပိုတောင် ဒေါင့်စေ့ဦးမယ်။ နောက်ဆုံး ခြေဥခုံရုံးပေါ့လေ။ ပုဒ်မ ၃၉၈ အရ ခန့်ထားသူတွေပေါ့။
 သူတို့ကို မည်သူကမှ ကြေညာချက်ထုတ်ခြင်း၊ ကန့်ကွက်ခြင်း မပြုရလို့ မပါဘူးမဟုတ်လား။
 ဒီတော့ ပုဒ်မ ၃၅၄ (က) ကို အကိုးအကားပြု၍ ကြေညာပါသည်ဆိုတာနဲ့တင် ပြီးတယ်။
စာလဲရှည်ပါပြီ။ အဖြေက ရှင်းပါတယ်။
 ပြည်သူကို အထင်သေးတဲ့စိတ်နဲ့ လိမ်ချင်တိုင်းလိမ်လည်နေတဲ့ လဒပါတီအစိုးရကျေးဇူး မူးလို့တောင် ရှုစရာ မရှိဘူး။
Crd

Tuesday, November 3, 2020

စစ်သားဟာ စစ်သားအတွေးနဲ့ပဲတွေးပြီး ဆောင်ရွက်တယ်

စစ်သားဟာ စစ်သားအတွေးနဲ့ပဲတွေးပြီး ဆောင်ရွက်တယ်
 
မှတ်မိသလောက်ဆိုရင် ကိုဗစ်ရောဂါ
မြန်မာနိုင်ငံမှာ စဖြစ်တဲ့အချိန်ကနေ
လက်ရှိအချိန်ထိ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့
ညှိနှိုင်းအစည်းအဝေးကို (၉)ကြိမ် အထိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးစီးပြီး ဆောင်ရွက်ခဲ့တယ်။
  
ကျန်းမာရေးဝန်ကြီးဌာနက
မြန်မာနိုင်ငံမှာ အတည်ပြုလူနာမရှိသေးဘူးလို့ ကြေငြာနေတုန်းမှာ
တပ်မတော်က အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီးတော့
သူ့တပ်တွေကို လော့ဒေါင်းစလုပ်စေခဲ့သလို
လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကိုလည်း မက်စ်တွေတပ်စေပြီးခဲ့ပြီ။
ဒါကြောင့်လည်း စစ်သည်အင်အား (၅)သိန်းပတ်ခြာလည်ရှိတဲ့
တပ်မတော်မှာ Second Wave ဖြစ်တဲ့အချိန်ထိ
ပြည်ပကူးစက်မှု ၁၈ ဦး၊ ပြည်တွင်းကူးစက်မှု ၂၈ ဦးသာ ရှိခဲ့တယ်။

တပ်မတော်ရဲ့ Q စင်တာတွေမှာ လူပေါင်း (၆)ထောင်ကျော်အထိ
စားရေး နေရေး၊ ထိုင်ရေး အဆင်ပြေအောင်
အခမဲ့(အခမဲ့) စီစဉ်ဆောင်ရွက်ပေးခဲ့သလို
တိုင်းစစ်ဌာနချုပ်က နယ်မြေအသီးသီးမှာလည်း
အရပ်ဖက်ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေကို လိုအပ်တဲ့
ထောက်ပံ့မှုတွေ အပြည့်အဝဆောင်ရွက်စေခဲ့တယ်။
တိုင်းစစ်ဌာနချုပ်အလိုက် သက်သာတဲ့ တန်ဖိုးသင့်ထမင်းဟင်းတွေ
ရောင်းချပေးစေခဲ့တယ်။
တပ်ပိုင်မွေးမြူရေးက ထွက်တဲ့သား/ငါးတွေကို ဈေးနှုန်းချိုသာစွာနဲ့
ပြည်သူတွေအတွက်ရောင်းချပေးစေခဲ့တယ်။

ကိုဗစ်လူနာတွေထားတဲ့ အစိုးရရဲ့ဖောင်ကြီး ကိုဗစ်စင်တာကိုလည်း
တပ်မတော်ရဲ့ ပါရဂူ၊ ဆရာဝန်၊ အထက်တန်းသူနာပြုတွေကို
(၈)ကြိမ်အထိ အရပ်ဖက် ဆရာဝန်တွေနဲ့ ပူးတွဲပြီး
တာဝန်ကူညီဆောင်ရွက်စေခဲ့တယ်။

RT ၊ PCR ၊ COBAS 6800 စက်တွေကိုလည်း
ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနဲ့စစ်တွေတွေကို ပို့ဆောင်ပြီး
ပြည်သူတွေ စစ်ဆေးနိုင်ဖို့အတွက် ဖြန့်ခွဲဆောင်ရွက်စေခဲ့တယ်။

တပ်မတော်သားတွေဆီကရတဲ့ လှူဒါန်းငွေတွေနဲ့
မြို့မိမြို့ဖတွေကို လှူပေးတာက ငွေကျပ်သိန်း ၃၉၀၀။
တိုင်းရင်းသားနယ်မြေတွေကို လှူပေးတာက ငွေကျပ်သိန်း ၄၃၀၀။
လူမှုအဖွဲ့အစည်းများကို လှူတာက ငွေကျပ်သိန်း ၆၀၀။
ဘာသာရေးအသင်းအဖွဲ့တွေကို လှူပေးတာက ငွေကျပ်သိန်း ၁၇၀၀။
စစ်မှုထမ်းဟောင်းနဲ့ရဲမှုထမ်းဟောင်းအဖွဲ့တွေကို လှူပေးတာက
ငွေကျပ်သန်း ၇၄၀၀ စသဖြင့်
တပ်မတော်က လှူဒါန်းပေးခဲ့တယ်။

ရခိုင်မှာ ကိုဗစ်စပြီး အကြီးအကျယ် ပြန့်လာတဲ့အချိန်မှာ
ကိုဗစ်ကုသရေး ပစ္စည်းတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို
နေ့/ည မဆိုင်းပဲ ချက်ခြင်း
တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်စေခဲ့တယ်။

ကိုဗစ်ကာလမှာ တပ်မတော်ဟာ
-ကာကွယ်ရေးအတွက် သူ့တပ်တွေကို စည်းကမ်းတကျနေစေဖို့
အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီး စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ကုသရေးအတွက် Q စင်တာတွေလုပ်ပြီး
စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ထိန်းချုပ်ရေးအတွက် လည်း လိုအပ်တဲ့
စက်တွေတပ်ဆင်ပြီးဆောင်ရွက်သလို
တပ်မတော်ဆေးအဖွဲ့ကိုလည်း အရပ်ဖက်ဆေးအဖွဲ့တွေနဲ့
ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။
-ဘာသာရေးအတွက် ဘူမိဖဿဘုရားကို
ဧရာဝတီမြစ်ရေတက်တဲ့ ဝါခေါင်လအတွင်း
စနစ်တကျ သယ်ဆောင်ဖို့ကြိုးစားခဲ့သလို
ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း
လိုအပ်တဲ့ လှူဒါန်းမှုတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးအလိုက်
ဆောင်ရွက်စေခဲ့တယ်။

ကူးစက်မှုနှုန်း လျော့နည်းသွားတဲ့အခါ
ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီလို့
တပ်မတော်က မကြွေးကျော်ခဲ့သလို
ကူးစက်မှုနှုန်း များလာတဲ့အခါ
ပြည်သူတွေ စည်းကမ်းမရှိလို့ဆိုပြီးအပြစ်မတင်ခဲ့ဘူး။
ပြည်သူတွေ လိုအပ်တဲ့အခါ
လိုအပ်သလို အကူအညီပေးနိုင်ဖို့အတွက်သာ
အဆင်သင့်ဖြစ်နေအောင် စနစ်တကျ စီမံဆောင်ရွက်ခဲ့တယ်။
ဒါကြောင့်လည်း ကာကွယ်ရေးဘတ်ဂျက်မဟုတ်တဲ့
တပ်မတော်သားတွေရဲ့ အလှူငွေ ၄. ၅ ဘီလီယံကို
ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချခဲ့တယ်။
တကယ်တော့
နိုင်ငံရေးအသွေးအရောင်မပါတဲ့
တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ
စစ်သားပီပီ တချိန်ကောင်းအတွက်တင်မဟုတ်ဘဲ
အနာဂတ်အထိပါ မျှော်တွေးကြည့်ပြီးလုပ်ပါတယ်။
တချို့ကြတော့လည်း တပ်မတော် နာမည်ရမှာစိုးလို့
မနိုင်ဝန်တွေလည်း ထမ်းနေကြတုန်းပဲ။
crd

Monday, November 2, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
https://cincds.gov.mm/sites/default/files/2-10-2020%2813%291.jpg
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၂ ရက်)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ပြည်သူလူထုလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်အားကျင့်သုံးနိုင်ရေး တပ်မတော်အစိုးရကဦးဆောင်၍ အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပ နိုင်ခဲ့ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အားလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ခေါင်းဆောင်သော  ရွေးကောက်ပွဲ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက် အမှတ် ၅/၂၀၁၁ ဖြင့် ဖွဲ့စည်းပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း ဥက္ကဋ္ဌ ဦးလှသိန်း ခေါင်းဆောင်သော ရွေးကောက်ပွဲ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ် ၄/၂၀၁၆ ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ချိန် ပျမ်းမျှ ၁၆၈၄ ရက်(၄ နှစ် ၇ လ ၉ ရက်) ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်နှင့် စည်းကမ်းစနစ်ကျနသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံလောက်သည့် ပြင်ဆင်ချိန် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးအနေဖြင့်လည်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများ ရှိပြီးဖြစ်ပါသည်။

၂။           ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ မှ ၄၀၃ အထိ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်များ၊ စွပ်စွဲပြစ်တင်ခြင်း၊ ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်ချက်များကို အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည်။ ပုဒ်မ ၃၉၉ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များတွင် “ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း” ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက်တွင် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ရမည် ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဥပဒေများ၊ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခြင်း၊ ပြင်ဆင်သည့်ဥပဒေများ ထပ်မံ ထုတ်ပြန်ခြင်းတို့ကိုလည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဥပဒေအကြောင်းခြင်းရာများအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် တည်ဆဲဥပဒေများ အပေါ်အခြေခံ၍ လုပ်ဆောင်ရမည်ဟု သဘောထားရှိပါသည်။ ယခုကာလသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများပေးနေသည့်ကာလ ဖြစ်ပါသည်။

၃။           ၎င်းကာလအတွင်း၌ နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ကြိုတင်ဆန္ဒမဲများကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရပြီး လမ်းပန်း ဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ပါးဒေသများ၏ အခြေအနေများကိုမူ သိရှိနိုင်ရန် ပိုမိုခက်ခဲပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် ၄ နှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင် ဆန္ဒမဲထည့်သည့်စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေး ချို့ယွင်းအားနည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားပြီး ဖြစ်သော်လည်း တည်ဆဲဥပဒေကို ကျော်လွန်နေသည့် ကြေညာချက်များ ထုတ်ပြန် ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကို အကြောင်းပြလျက် တည်ဆဲဥပဒေများကို ကျော်လွန် သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်နေခြင်းတို့အပေါ် မဲဆန္ဒရှင်များမှ သံသယဖြစ်ဖွယ် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးနောက် ၎င်းအပေါ်အခြေခံလျက် နှစ်စဉ်ခန့်မှန်းသန်းခေါင်စာရင်းများကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသန်းခေါင်စာရင်း များ၌ မဲပေးခွင့်ရှိသူများကိုလည်း ခန့်မှန်းနိုင်ပါသည်။ သို့သော် လက်တွေ့တွင်မူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း တွက်ချက်ရာ၌ပင် ခက်ခဲခဲ့မှုများ၊ လက်တွေ့မဲစာရင်းထုတ်ပြန်ရာ၌ မမှားသင့်သည့်အမှားများ မှားယွင်းခဲ့မှု များကို တွေ့ရှိရပါသည်။  ထို့အပြင် လက်တွေ့ကြိုတင်ဆန္ဒမဲပေးနေသည့် ယခုကာလ၌ အငြင်းပွားစရာဖြစ်ရပ်များ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အသွင်ကူးပြောင်းမှုများကို တပ်မတော်အစိုးရလက်ထက် ကတည်းက အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်၏အသက် ဖြစ်သည့် ရွေးကောက်ပွဲများအား ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တို့၌ ဆောင်ရွက် ခဲ့ရာ လွတ်လပ်၍တရားမျှတစွာ ဆောင်ရွက်နိုင်ခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပလေ့လာသူများ၊ အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း တညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြသည်။ ရှေ့တွင်ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွေ့အကြုံများကိုရယူလျက် လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချို့ယွင်း အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ၏ပုံရိပ်ကို ကြီးမားစွာထိခိုက်စေနိုင်ပါသည်။

၄။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောကော်မရှင် တစ်ခုဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(င)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက် များအရ နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အစိုးရအဖွဲ့မှ တာဝန်ယူရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသည်။ ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍တရားမျှတမှုရှိ/မရှိအပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲ ကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်။

၅။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၂၀၁၅ ခုနှစ်၌ ကျင်းပခဲ့သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့သော အစိုးရ ဖြစ်သည့်အားလျော်စွာ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအားလည်း ပြည်သူလူထုနှင့် နိုင်ငံတကာက လိုလားနေသည့်အတိုင်း ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်။ သို့သော် နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေး ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာမူ ထိုကဲ့သို့ဖြစ်စေရေး အတွက် သံသယဖြစ်ဖွယ်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP)အတိုင်း နိုင်ငံရေး ပါတီများကို လိုက်နာစေရေး ထိရောက်သောကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများ ပြုလုပ်ရန် အားနည်းခဲ့သဖြင့် နောက်ဆက်တွဲ ဆိုးရွားသောရလဒ်များ ဖြစ်ပေါ်ခဲ့ သည်ကိုလည်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာ မှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသောမှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ပါသည်။ အစိုးရ တစ်ရပ်၏ တာဝန်ကျေပွန်မှုကို နောက်ဆုံးရွေးကောက်ပွဲကာလအထိ မှတ်ကျောက် တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင် ဖြစ်ပါသည်။

၆။           COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင် ပိုမိုအရှိန်မြင့်တက်ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွား ဘဝ အပြောင်းအလဲများ၏ ရိုက်ခတ်မှုများ များစွာရှိခဲ့ပြီး ဖိစီးမှုများမြင့်တက် နေချိန်ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုအနေဖြင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ လူမှုစီးပွားဘဝတွင် အရေးပါကြောင်း သိရှိသည့် အားလျော်စွာ အခက်အခဲများကြားမှ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲသည် ၎င်းတို့အတွက် ကောင်းသောအပြောင်းအလဲ တစ်ရပ်ကို ဖြစ်လာစေနိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ ပြည်သူလူထုမျှော်လင့် သည့်အတိုင်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေး တာဝန်ရှိပြီး အလေးထားဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

၇။           ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ အပြန်အလှန်တာဝန်ခံမှုအရလည်းကောင်း၊ ပြည်သူလူထု၏ COVID-19 ကမ္ဘာ့ကပ် ရောဂါကြောင့် စိတ်ဖိစီးမှုများစွာကြားထဲမှ ကောင်းသောအပြောင်းအလဲတစ်ရပ် ဖြစ်လာစေရန် မျှော်လင့်ချက်ကိုလည်းကောင်း ရည်ရွယ်၍ လွတ်လပ်၍တရားမျှတ သော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရေး ရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာ၌ တည်ဆဲအစိုးရမှ စနစ်တကျရှိပြီး မှန်ကန်သော ကြပ်မတ်မှုများစွာလိုအပ်ပါသည်။ နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ မှန်ကန်ပြီး သမာသမတ်ရှိမှုကို ဖော်ပြလေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မကြာမီကျင်းပတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး