Wednesday, September 22, 2021

NLD ပါတီဝင်တိုင်းဟာအကြမ်းဖက်သမားများမဟုတ်ကြပေမယ့် အကြမ်းဖက် သမားတိုင်းဟာ NLD အမာခံပါတီဝင်တွေနဲ့ NLD ထောက်ခံအားပေးသူတွေပါ

"NLD  ပါတီဝင်တိုင်းဟာအကြမ်းဖက်သမားများမဟုတ်ကြပေမယ့် အကြမ်းဖက် သမားတိုင်းဟာ NLD အမာခံပါတီဝင်တွေနဲ့ NLD ထောက်ခံအားပေးသူတွေပါ"

ကမ္ဘာပေါ်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ World Trade Centre တိုက်ိခုက်ခံရမှုနောက်ပိုင်းတွင် ဆိုရိုးတစ်ခုအကြမ်းဖက်မှုနှင့်ပတ်သက်၍ ရေပန်းစားခဲ့သည်။ (Not all Muslims are terrorists. All terrorists are Muslims) အစ္စလာမ် ဘာသာဝင်တိုင်းဟာ အကြမ်းဖက်သမားများမဟုတ်ကြပေမယ့်၊ အကြမ်းဖက်သမားတိုင်းဟာအစ္စလာမ် ဘာသာတွေပါ ဆိုပြီး.. ဖြစ်ရပ်များစွာကသက်သေခံနေသည့် ထိုစကားဟာယနေ့ထက်တိုင် မှန်ကန်လျက် ရှိနေပါတယ်။.. မွတ်စလင်ဘာသာယုံကြည်ကိုးကွယ်သူများအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ရွံရှာစက်ဆုပ်မုန်းတီးကြသော်လည်း သူတို့တွေကတော့ အကြမ်းဖက်မှုတွေကို ဆက်လုပ်နေကြဆဲ ပဲဖြစ်ပါတယ်။

ထို့အတူဘဲ. မြန်မာနိုင်ငံမှာဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ NLD  အစိုးရရဲ့မဲမသမာမှုလုပ်ပြီးနိုင်ငံတော်အာဏာအားအတင်းအဓမ္မရယူရန် ကြံစည်မှုတို့ကြောင့် အာဏာထိန်းသိမ်းခဲ့ရသည်။.. ဒါကိုမကျေနပ်တဲ့ NLD  ပါတီဝင်များဟာ မြန်မာနိုင်ငံ အနှံအကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် ဆူပူမှုများဖြစ်ပေါ်လာအောင် အွန်လိုင်းမှ နေ၍ သော်လည်းကောင်းဘက်ပေါင်းစုံမှ သွေးထိုးလှုံဆော်ခဲ့ကြသည်။ သူတို့လက်လွှတ်ခဲ့ရသည့် အာဏာကိုပြန်မရနိုင်တော့သည်ကိုသိရှိသည့်အတွက် ကြားထဲကအပြစ်မဲ့ပြည်သူများကို မြှောက်ပေးခဲ့သည်။.. 

ဖေဖော်ဝါရီလမှသြဂုတ်လကုန်အထိစာသင်ကျောင်းမိုင်းခွဲ/မီးရှိဖျက်ဆီးခြင်း၄၀၆ကြိမ်၊အစိုးရရုံး/ဌာနမီးရှိဖျက်ဆီးမှု၃၈၆ကြိမ်၊ပုဂ္ဂလိကဘဏ်ဖျက်ဆီးမှု၂၉ကြိမ်နှင့်ဘဏ်ဓားပြတိုက်မှု၄ကြိမ်၊အစိုးရဘဏ်ဖျက်ဆီးမှု၂၃ကြိမ်၊ဈေးကြီးများမီးရှိဖျက်ဆီးမှု၉ကြိမ်၊လမ်း/တံတားများမီးရှိ/ဖောက်ခွဲဖျက်ဆီးမှု၁၇၂ကြိမ်၊လူနေအိမ်များနှင့်ရုံးများမီးရှိဖျက်ဆီးမှု၂၁၆ကြိမ်၊စူပါမားကတ်များဖောက်ခွဲ/မီးရှိမှု၈ကြိမ်၊စက်ရုံ/အလုပ်ရုံများဖျက်ဆီးမှု၁၈ကြိမ်၊ပုဂ္ဂလိကပိုင်အဆောက်အဦများဖျက်ဆီးမှု၂၈ကြိမ်၊ရဲစခန်း/ ရဲကင်းများဖောက်ခွဲ/တိုက်ခိုက်မှု၂၃၅ကြိမ်၊နိုင်ငံပိုင်ပစ္စည်းများဖျက်ဆီးမှု၃၅ကြိမ်၊ပုဂ္ဂလိကပိုင် ပစ္စည်းများဖျက်ဆီးမှု၄၁ကြိမ်၊ဆေးရုံ/ဆေးခန်းများမိုင်းခွဲ/မီးရှိဖျက်ဆီးမှု၁၉ကြိမ်၊မြိုပြများ၌အများသူငါဝင်/ထွက်သွားလာသည့်နေရာများ၌မိုင်းထောင်/ဖောက်ခွဲမှုအကြိမ်၂၃၉၀ရှိခဲ့ပါတယ်။ပြည်သူများအကြားဗုံးဖောက်ခွဲမှုများကြောင့်အပြစ်မဲ့ပြည်သူ၆၉ဦးသေဆုံးခဲ့ပြီး၂၈၀ဒဏ်ရာရရှိခဲ့ပါတယ်။ထိုအပြင်အရပ်ဘက်မြိုနယ်အဆင့်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများအားသတ်ဖြတ်ခံရ၍သေဆုံးသူ၁၀၂ဦးနှင့်ဒဏ်ရာရသူ၁၁၇ဦး၊ဒလန်ဟုစွပ်စွဲ၍သတ်ဖြတ်ခံရသည့်ပြည်သူ၃၆၉ဦး၊ဒဏ်ရာရရှိသူ၄၄၆ဦး၊အခြားပါတီကိုထောက်ခံအားပေး၍သတ်ဖြတ်ခံရသူ၂၅၃ဦးရှိခဲ့ပါတယ်။ အစိုးရဝန်ထမ်းနှင့်လုံခြုံရေးတပ်ဖွဲဝင်များသေဆုံးမှု၁၄၀၊ဒဏ်ရာရသူ၄၆၉ဦးရှိခဲ့တဲ့အတွက် PDF အဖွဲများက အကြမ်းဖက်သတ်ဖြတ်ခဲ့သူစုစုပေါင်း၉၃၃ဦးနှင့်ဒဏ်ရာရရှိသူ၁၃၁၂ဦးအထိရှိခဲ့သည်။

ပြည်သူများ၏ပူးပေါင်းပါဝင်မှုကြောင့်လဲအကြမ်းဖက်သမားများကိုဖော်ထုတ်နိုင်ခဲ့တယ်။ ဖမ်းဆီးရမိသူများ၏ စစ်ကြောဖော်ထုတ်ချက်များကြည့်လျှင်လဲNLDပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ နောက်ကွယ်ကကြိုးကိုင်နေတာကိုတွေ့ရတယ်။..

ဒါကြောင့် “အစ္စလာမ်ဘာသာဝင်တိုင်းဟာ အကြမ်းဖက်သမားများမဟုတ်ကြပေမယ့် အကြမ်းဖက် သမားတိုင်းဟာအစ္စလာမ်ဘာသာဝင်များဖြစ်ကြတယ်” လို့ ဆိုသလိုဘဲ၊ မြန်မာနိုင်ငံမှာလဲ “ NLD  ပါတီဝင်တိုင်းဟာအကြမ်းဖက်သမားများမဟုတ်ကြပေမယ့် အကြမ်းဖက် သမားတိုင်းဟာ NLD အမာခံပါတီဝင်တွေနဲ့ NLD ထောက်ခံအားပေးသူတွေ ဆိုတာ ငြင်းရမယ်မထင်ပါ”။ ၇ လတာကာလအတွင်း အကြမ်းဖက်မှုများကို အထက်ပါ စာရင်းများကိုကြည့်ရှုပါကသိနိုင်ပါတယ်..။ အကြမ်းဖက်မှုကို အားပေးတဲ့သူတွေဟာ တစ်နေ့မှာ ကျဆုံးမှုတွေနဲ့ရင်ဆိုင်ကြရမှာပါ..။

#DGF21

#MGG2021



Wednesday, July 28, 2021

သိန်းထိုက်သို့ပေးစာ

 မကွီအိမ်နူးစခန်းက ဗက သိန်းထိုက်နဲ့ အမေးအဖြေလေးနားထောင်လိုက်ရတယ်
ဪ ဒီအရာရှိ တော်တော်ကို စိတ်ဓာတ်မကောင်းပါလားဆိုတာကို သိလိုက်ရတယ်။
CDM လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး၊ နောက်ကနေ ထောက်ပံ့မပေးလို့၊ လုပ်လိုက်ရတယ်ဆိုတဲ့
သဘောတွေပါနေတယ် .......။

သူဖြေထားတာလည်းကြည့်ဦးလေ အထက်ကိုပြောထားတာ ၃ လလောက်ရှိပြီတဲ့၊ နောက်ကနေ ဘာမှ မလုပ်ပေးလို့
ပြည်သူတွေနဲ့ ပူးပေါင်းလိုက်တယ်ဆိုကတည်းက စဉ်းစားသာကြည့်ပေါ့။

ဒီကောင်လေး လုပ်ရပ်ကိုက ဘာနဲ့ သွားတူလည်းဆိုတော့ တစ်ခါကကြည့်ဖူးတဲ့
ဟောင်ကောင် ဇတ်ကားလေးလိုပဲ ........
သူ့လူမျိုးကို သစ္စာဖောက်ပြီး ဗြိတိသျကို ကူညီခဲ့တယ်
နောက်ဆုံးကြတော့ ပြောသွားတဲ့ စကားလေးက ကောင်းတယ်
ကိုယ့်လူမျိုးကိုတောင် သစ္စာမရှိတာ သူတို့အပေါ်မှာရော သစ္စာရှိပါ့မလားတဲ့ ......

သိန်းထိုက်ဆိုတဲ့ကောင်လေး
မင်းကိုရော သူတို့ ယုံမယ်ထင်လား
ဟိုအဖွဲ့ကိုရော မင်းက အတိအကျ ယုံကြည်မှုရှိလား ......
Good Luck ပါ ချာတိတ်ရေ .......



 

Thursday, July 22, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၂၂

 
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် တာဝန်ရှိ သူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အဖွဲ့ဝင်များ၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်း အဝေးသို့ တက်ရောက်လာကြသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း များ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေး နွေးကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး များရောက်ရှိ

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး များရောက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများအား ဆက်လက်ထိုးနှံပေးသွားမည်

ရန်ကုန် ဇူလိုင် ၂၂



တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများ ယနေ့ ည ၆ နာရီ မိနစ် ၄၀ တွင် ပေကျင်း- ရန်ကုန်ပြေးဆွဲသည့် Air-China CA-589 လေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ ဆေးသုတေသနဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။



ယနေ့ ရောက်ရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများသည် ဆေးပုလင်းအရေအတွက် ၃၆၈၀၀၀ နှင့် ဆေးထိုးအပ် ၅၄၄၀၀၀ တို့ပါဝင်ပြီး ဆေးတစ်ပုလင်းလျင် လူနှစ်ဦးနှုန်းဖြစ်သည့်အတွက် လူဦးရေ ၇၃၆၀၀၀ ကို ထိုးနှံပေးနိုင် ကြောင်း၊ အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ထား သည့်အတိုင်း မြန်မာနိုင်ငံရှိ ဦးတည်လူအုပ်စုများအတွက် ဦးစားပေး အစီအစဉ်ဖြင့် ပြည်သူလူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက် ဟန့်တားထိန်းချုပ်ရန်လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်)အား ၂၆-၇-၂၀၂၁ ရက်နေ့ မှ

၈-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။


Wednesday, July 21, 2021

အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း ၆၇ လုံးအား သွားရောက်လှူဒါန်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်မှ တပ်မတော်သားများက ယနေ့တွင် တောင်ငူမြို့ တပ်မတော်ဆေးရုံသို့ အောက်ဆီဂျင်အိုး ၇ လုံး၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ သွေးအလှူရှင်ပရဟိတအသင်းသို့ အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း ၆၇ လုံးအား သွားရောက်လှူဒါန်းခဲ့ကြသည်။

 




Tuesday, July 20, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဗမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး ၄၇ လုံးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၅ လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်း ကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာအတွက် အောက်ဆီဂျင်အိုး ၃၀ လုံး၊ လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀) သို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ လားရှိုးမြို့ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၀ လုံး၊ သိန်းနီမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ Oxygen Regulator ၁ စုံ၊ Oxygen ပိုက် ၂ ချောင်း၊ PPE ဝတ်စုံ ၇၀ စုံ၊ PPE Level-2 ဝတ်စုံ ၅၀ စုံ၊ Mask ၄၈၀၀ ခု၊ အရပ်ပြန် ၆၀ ဘူး၊ ရေမလိုလက်သန့်ဆေးရည် ၇၂ ဘူး၊ ပိုးသတ်ဆေးရည် ၄၀ ဘူး၊ လက်အိတ် ၁၀၀ စုံ၊ ခေါင်းစွပ် ၂၀၀ ခု၊ ဆေးဝါးများ နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် Corner Stone ကုမ္ပဏီတို့က လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံနှင့် Oxygen Plant နေရာများသို့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဆိပ်ကြိီးခနောင်တိုမြို့နယ်တို့ရှိ ပြည်သူ့ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၇၅ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ သာပေါင်းမြို့နှင့် ဖျာပုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက် အောက်ဆီဂျင်အိုး ၆၉ လုံးနှင့် ၁၀ လီတာ အောက်ဆီဂျင်စက် ၁ လုံးတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်း များကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၇၀၇ လုံး၊ အောက်ဆီဂျင် Concentrator ၅၀ လုံး၊ Finger Tit ၉၆ ခု၊ Mask သိန်း ၇၀ ခုနှင့် တရုတ်တိုင်းရင်းဆေး ၁၁၂၀၀၀ ဘူးတို့ကို မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ၃၀ လုံးတို့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား (တာချီလိတ်မြို့)သို့ လည်းကောင်း၊ ကျန်းမာရေးဦးစီး ဌာနနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၂၉ တန်၊ ၆၀ လီတာအိုး ၆၅ လုံး၊ ၄၀ လီတာအိုး ၅၈၅ လုံး ၊ ၁၅ လီတာအိုး ၃၅ လုံး၊ ၁၀ လီတာအိုး ၆ လုံး၊ ၅ လီတာအိုး ၄ လုံးတို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီမြို့သို့လည်းကောင်း အသီးသီး ရောက်ရှိလာကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက လက်ခံရယူကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။